1✨

803 53 0
                                    

Zawgyi

~ဟင့်......sope ...ဟင့်~

ရောထွေးနေသည့် ငိုရှိုက်သံတချို့ကြောင့် SeokJin သတိဝင်လာပြီးနောက် မူးနှောက်နေတဲ့ ခေါင်းကို တချက်ခါရမ်းလိုက်သည်။ နာကျင်နေသောခန္ဓာကိုယ်ဖြင့် အားယူကာ ထတော့ တကိုယ်လုံးကဒဏ်ရာတွေကြောင့် မတ်တပ်ရပ်ဖို့ပင် အနိုင်နိုင် ။

အမှောင်ထဲမှာမို့ ပတ်ဝန်းကျင်ကိုသဲသဲကွဲကွဲမမြင်ရ သို့သော် သူ့အနားတွင် မိန်းကလေးအမြှောက်အများရှိနေပြီး တိတ်တဆိတ်ငိုကြွေးနေပုံရကာ ရှိုက်သံများကလည်း ရောထွေးနေ၏။

" ဟင့်....အကို ညီမတို့ဘယ်လိုလုပ်ကြမလဲဟင်"

"ရှူးး တိုးတိုး မင်းတို့က ဘယ်မှာနေတာလဲ"

"ညီမတို့က အင်ချွန်းကပါ....ဟင့် ...အခု ညီမတို့ ဘဝတွေပျက်တော့မှာလားဟင်"

သူ့ကို အားကိုးတကြီးဖြင့် မေးလာသော ကလေးမလေးတွေကြောင့် သူရင်ထဲစို့နင့်သွားသည်။ ရှိချင်းရှိ သူ့ရှေ့က လူကုန်ကူးခံနေရသည့် ကလေးမလေးတွေက 14နှစ်15နှစ်အရွယ်သာလျှင် ရှိအုံးမည်ထင်။

ပတ်ဝန်းကျင်ကို သေချာ ကြည့်မိတော့ သူတို့အားလုံးက သင်္ဘောအသေး တစ်ခုပေါ်မှာ သူအပါအဝင် မိန်းကလေး 10ယောက်လောက်က ဖမ်းစီးခံထားတာဖြစ်ပြီး ဒါကဘယ်နေရာလည်းဆိုတာ သူမသိ။ ကွဲအပ်နေသည့် လက်ကနာရီလေးကို ထုတ်ကြည့်ပြန်တော့လည်း စက်ရပ်နေသည်မို့ သူသက်ပြင်းချလိုက်မိပြန်သည်။ ညနက်လွန်းပြီးမှောင်နေတာမို့ အချိန်ရှိကား ည11လောက်မျှပေါ့။

" အကိုပြောပြမယ် အားလုံးကြောက်နေကြမယ်ဆိုတာသိပေမယ့် ဒါက သွေးပူပြီး ကြောက်နေရမယ့်အခြေနေမဟုတ်ဘူး အကိုတို့ ထွက်ပြေးရအောင်"

" ဒါပေမယ့် သူတို့လက်ထဲမှာက သေနတ်တွေနဲ့"

" အကိုပြောတာ စိတ်အေးအေးနဲ့နားထောင်
ဒါက ဘယ်နေရာမှန်း အကိုမသိဘူး ကိုးရီးယားနိုင်ငံထဲမှာ ရှိနေသေးတာလည်းဖြစ်နိုင်သလို တခြားနိုင်ငံတခုကိုရောက်နေတာလည်းဖြစ်နိုင်တယ်။
ဒီကနေလွတ်တာနဲ့ အကိုတို့ လူကွဲသွားကြရင်တောင် လမ်းမကြီးကိုရှာ ရရာကားကိုအကူညီတောင်းပြီး ရဲစခန်းကို ဆက်သွယ်။ ဒါက အကယ်၍ တခြားနိုင်ငံတခုကိုရောက်နေတာဆိုရင် ဘာသာစကားကို စိတ်မပူနေနဲ့ သူတို့ စကားပြန်ရှာပေးလိမ့်မယ် ။ အခုတော့ ငါတို့ထွက်ပြေးကြမယ်"

KUNG LAY Where stories live. Discover now