21✨

328 42 7
                                    

Zawgyi

ခွမ်း~

ပန်းအိုးတစ်လုံးအား ရိုက်ခွဲလိုက်သံကိုကြားလိုက်ရတော့ နဂိုထဲက ဗီဒိုထဲထိုင်နေသည့်ကိုယ်လုံးသေးသေးလေးမှာ ပိုကျုံ့သွားပြီး လက်နှစ်ဖက်ဖြင့် နားကိုလည်းပိတ်ထားလိုက်သည်။

ဆူညံသည့်စကားသံများ ဆက်တိုက်ကြားလာရတော့ ခရမ်းနက်ရောင်မျက်လုံးဝိုင်းဝိုင်းလေးထဲ မျက်ရည်များပြည့်လျံလာပြီး မျက်လုံးထောင့်က နေဖြတ်၍စီးဆင်းသွားသည်။

ရှိုက်သံမထွက်အောင်လို့ ပါးစောင်ကိုကိုက်ခဲထားသည်မှာ ကြာနေပြီမို့ ငံကျိကျိအရသာက ပါးစပ်အတွင်းပြည့်နှက်လာသည်။
သေချာပါတယ် ပါးအတွင်းမှာပေါက်သွားပြီမို့ မနက်ကျ အစားစားရင် ဒုက္ခရောက်ရပါအုံးမည်။

" မင်းကိုပေးတဲ့ ပိုက်စံက မလုံလောက်လို့ လင်ငယ်ထပ်ထား နေတာလား"

" ရှင့်ရဲ့ပါးစပ်ကိုပိတ်ထား အခုမှသူတော်ကောင်းယောင်ဆောင်မနေနဲ့ ရှင်လုပ်နေကျလိုမျိုး ကျွန်မကိုမစွတ်စွဲနဲ့ ပိုက်စံအတွက်နဲ့ အခုလိုလုပ်ရအောင်လဲ Kim YuRa ဆိုတဲ့ကျွန်မက မွေးထဲက ငွေပုံပေါ်ခြေနင်းလျှောက်ပြီးကြီးပြင်းလာတဲ့လူ"

" ငါ့ေ-ာက်လုံးနဲ့ သေချာမြင်ခဲ့တာ ဒီေ-ာက်လုံးနဲ့ မင်းအဲ့ကောင်ကားထဲဝင်သွားတာမြင်ခဲ့တာ ဘာကိုလာငြင်းချင်နေတာလဲ"

~ဖြောင်း~

Kim DooHa ရဲ့လက်ဝါးတစ်ဖက်က Kim YuRa ရဲ့ ပါးပေါ်ကိုအရှိန်ပြင်းစွာ ကျရောက်သွားသည်။

"ရှင်ကျွန်မကို လက်မပါနဲ့ ကျွန်မမိဘတွေတောင် ပါးပေါ်လက်တင်ဖူးတာမဟုတ်ဘူး အမှိုက်လိုကောင်ရဲ့။ အေးဟုတ်တယ် ကျွန်မဖောက်ပြန်တယ် အဲ့တာဘာဖြစ်လဲ ရှင်ရောမဖောက်ပြန်လို့လား"

" ဘာကွ ခွေးမ မင်းဘာစကားပြောတာလဲ ကိုယ့်ကိုယ်ကိုယ် မိန်းမ ၊ကလေးမအေဆိုတာလဲ သတိထားအုံး ပတ်ဝန်းကျင်ရဲ့ တံထွေးခွက်ထဲမင်းဘယ်လောက်မျောနေပြီလဲဆိုတာကိုရောသိလား"

"စိတ်မဝင်စားဘူး မိန်းမဆိုတာလဲအသွေးအသားနဲ့လူဘဲ။ ရှင်ကျ မယားငယ်နဲ့ အပြင်မှာဖြစ်ချင်တိုင်းဖြစ်နေတာ ကျွန်မကရောဘာလို့မလုပ်နိုင်ရမှာလဲ တူသောအကျိုးဆိုတာမြဲမြဲမှတ်ထား ရှက်တက်တယ်ဆိုရင် ရှင်ရောရှင့်မယားငယ်ပါ အရင်သေလိုက်သင့်တယ်"

KUNG LAY Where stories live. Discover now