20✨

367 52 7
                                    

Zawgyi

မှန်ရှေ့မှာရပ်ရင်း NamJoon လက်ထဲက Necktie အရောင်ကို ရွေးရခက်နေ၏

" Joon အကြီးဂိုက မနက်စာလာမစားသေးဘူးလားတဲ့"

အခန်းထဲကို ခေါင်းတစ်လုံးဘဲဝင်ပြီးပြောလာသော ကောင်လေးကို မှန်ကမြင်နေရတာမို့ လှည့်မကြည့်ဘဲ သူပြန်ဖြေလိုက်သည်။

" ခဏနေ ဆင်းလာမယ်"

သူ့အဖြေကို ကျေနပ်ဟန်မရှိသော SeokJin က အခန်းထဲ တရွေ့ရွေ့နဲ့ဝင်လာပြီး မှန်ရှေ့ လက်ဖြန့်ပြီး ပိတ်ရပ်လိုက်သည်။

" မရဘူး အခုလာခိုင်းတာကို"

" ဒီမှာဘာအရောင်ဝတ်ရမလဲ စဉ်းစားနေတာကိုကွာ"

အစိမ်းကိုမှ ရင့်လွန်းလို့ အနက်ဘက်ကိုသွားနေသည့် suitနဲ့ NamJoon ကိုတလှည့်၊ လက်ထဲက Necktie တွေရယ်ကိုတလှည့်ကြည့်ပြီးနောက် တစ်ခုခုကို သတိရသွားဟန်ဖြင့်

" ခုမှသတိရတယ် ငါတို့ဒီရောက်စထဲက ငါ Joon အတွက် Necktie ဝယ်ထားပေးတာ နှစ်ခုတောင် "

လက်နှစ်ချောင်းထောင်ပြကာပြောပြီး ဗီဒိုရှေ့ကိုလျှောက်သွား၏။

" ဒီဟာ ဒီဟာ ငါဝယ်တဲ့နေ့ထဲက ဗီဒိုထဲထည့်ထားပေးပြီး ပြောဖို့မေ့နေတာ"

ယူလာသည့် Necktie နှစ်ခုကို Joon ဝတ်ထားသည့် အင်္ကျီမှာ ကပ်ကြည့်ပြီးနောက် အညိုရောင်ကို ကမ်းပေးလိုက်ပြီး ကျန်တဲ့ တခုကို ဗီဒိုထဲ ပြန်သွားထည့်သည်။

" အဲ့တာနဲ့လိုက်တယ် ဝတ်ပြီးရင် ဆင်းလာတော့ ငါ ဗိုက်ဆာနေပြီ"

NamJoon မှာ ဘာမှပြောချိန်တောင်မရလိုက် သူ့သဘော သူ့စကားတွေသာ ဇွတ်ပြောပြီး အခန်းထဲက ပြန်ထွက်သွားသည်။

" တကယ့် မနိုင်စိန်လေး"

လှေကားက ဆင်းလာသော NamJoon က အနည်းငယ် လောနေပုံပေါက်နေ၏။

အိမ်ရှေ့ကို တန်းပြီးထွက်သွားတာမို့

" Joon မနက်စာ စားအုံးလေ "

" မမှီတော့ဘူး သင်တန်းအပြန်ကြရင် Taxi စီးလာလိုက်နော် လမ်းသိတယ်မလား "

" ပြီးရော ဂရုစိုက်သွား"

SeokJin မနက်စောထဲက NamJoon နဲ့အတူမနက်စာစားဖို့ စောင့်နေပေမယ့် NamJoon က
မစားဘဲထွက်သွားသည်။

KUNG LAY Tempat cerita menjadi hidup. Temukan sekarang