27✨

405 50 19
                                    

Zawgyi

"ဝါးးးးးး"

ပုံမှန်အတိုင်း အိပ်ရာကနိုးလာတာနဲ့ အကျောဆန့်ပြီး ငုတ်တုတ်ထိုင်နေသည်။

ညကအဖြစ်အပျက်

အိပ်ချင်စိတ်တောင် ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားပြီး ဘေးဘီကိုဝေ့ကြည့်လိုက်သည်။

သူ့အခန်းထဲမှာပဲ။
ညကမေ့လဲချင်ယောင်ဆောင်ရင်းကနေ ဘယ်ကဘယ်လိုအိပ်ပျော်သွားမှန်းကိုမသိ သောက်ထားတဲ့အရှိန်ကြောင့်လည်းပါမယ်ထင် တရေးထဲကိုအိပ်ပျော်သွားတာ မိုးလင်းပေါက်ထိ။

ရေချိုးခန်းကိုဝင်သွားတော့မှ မှန်မှာပေါ်နေသည့် သူ့အဝတ်တွေက ညကဝတ်ထားသလိုမဟုတ်တာမို့ ခေါင်းနပန်းကြီးသွားရသည်။
ယောင်ယောင်မှားမှားနဲ့ ရေပိုက်ကို အဆုံးထိဖွင့်ချလိုက်တော့ ဘောင်းဘီတစ်ထည်လုံးရွဲသွားသည်။

ဘောင်းဘီကတော့ညကဝတ်ထားတဲ့အတိုင်းမို့ NamJoon အင်္ကျီပဲ လဲသွားပေးတာထင်သည်။ ရှက်ပေမယ့် ကျေနပ်ပြုံးပြုံးလိုက်မိသည်။

ဒီလောက်ဆို ညကအဖြစ်အပျက်ကြောင့် NamJoon သူ့ကို စိတ်မဆိုးဘူးလို့ သတ်မှတ်လို့ရလောက်တယ်မလား။

အခုချိန် NamJoon နဲ့တွေရင်လည်း နေရခက်မှာကို စိတ်မပူပါဘူး။ ဘာလို့ဆို ဂျပိုးကနေ လိပ်ဖြစ်အောင် ဆင်ခြေ၊ ဆင်လက်၊ ဆင်နားရွက် မျိုးစုံသုံးနိုင်တာမို့ စိုးရိမ်စရာကမရှိ။

အဝတ်လဲရန်ထုတ်နေရင်းမှ ဒီနေ့ပန်းပုရုပ်ကိုလက်စသတ်ဖို့သတိရတာကြောင့် အပေါ့ပါးဆုံးဖြစ်တဲ့ အင်္ကျီနဲ့ဘောင်းဘီကိုရွေးထုတ်လိုက်သည်။ ဒီအဝတ်တွေက တခြားသူဆိုကိုးယို့ကားယားနိုင်တယ်ထင်ရပေမယ့် အရင်ထဲက ပန်းပုထုရင် ဒီပုံစံဝတ်နေကျမို့ ဘာမှထပ်မတွေးတော့ဘဲ ယူဝတ်လိုက်သည်။

"ကောင်လေး ~ဒေါက်~ဒေါက်"

တုန့်ပြန်သံမကြားရတဲ့အခန်းထဲ ဝင်ကြည့်လိုက်တော့ အိပ်ပျော်နေတာလို့ထင်ထားတဲ့သူက အခန်းတွင်းရှိမနေ။

ပြက္ခဒိန်ပေါ်က 4ရက်နေ့ရက်စွဲလေး။
ဒီနေ့က SeokJin မွေးနေ့မို့ Surprise လုပ်ရန် စဉ်းစားထားပြီး NamJoon အပျော်တွေဟာ ဖုံးမရ။

KUNG LAY Donde viven las historias. Descúbrelo ahora