Zawgyi"အကြီးဂို အကြီးဂို"
"အကိုလေး SeokJin နိုးလာပြီလား အကြီး မနက်စာပြင်ထားပြီးပြီ"
ရောက်လာတာမကြာသေးပေမယ့် အချိန်တိုအတွင်း အိမ်ရဲ့ ဆည်းလည်းလေးဖြစ်နေသော SeokJin က မျက်နှာမြင်ချစ်ခင်ပါစေဟူသော ဆုကိုအပြည့်အဝရရှိထားသော ချစ်မွှေးလေး။
မနက်အိပ်ရာနိုးတာနဲ့ ခေါ်သံတကျော်ကျော်ဖြင့် လှေကားကနေဆင်းလာသော SeokJin က အသက်မပြည့်သေးသည့် ကလေးတစ်ယောက်သဖွယ်။
"ဒီနေ့တော့ ခေါက်ဆွဲအေး ချက်ထားတယ် စားလို့အဆင်မပြေရင်တော့ပြောနော် တခြားမုန့်တွေလဲရှိသေးတယ်"
"ရတယ် အကြီးဂို ကျွန်တော် ဒါဘဲစားတော့မယ် အနံ့ရတာနဲ့တင်ဗိုက်ဆာနေပြီ"
" ဒါဆို အကြီး ဈေးသွားတော့မယ် တစ်ခုခုလိုရင် ယူဂျင်ကိုပြောလိုက်နော်"
" ဟုတ်"
အကြီးဂိုထွက်သွားတော့မှ ယူဂျင်က ပန်းကန်ထဲခေါက်ဆွဲနဲ့ ဟင်းရည်ရယ် ရေခဲတုံးလေးတွေရယ်ကို ထည့်လာပေးသည်။ တခြား ထည့်စရာ ကြက်ဥ၊ အမဲသား၊ မုန်လာချဉ်၊ ကြက်သွန်မြိတ်၊ နှမ်းနဲ့ သခွားသီးတွေလည်း ကြိုက်နှစ်သက်ရာထည့်စားရန် သီးသန့်ထားပေး၏။
SeokJin အစုံအစိထည့်ပြီး ရောမွေကာ တစ်လုပ်စားပြီးတော့ မျက်လုံးများ ဝိုင်းစက်သွားသည်။
" ဘာလို့လဲ အကိုလေး စားရအဆင်မပြေလို့လား ဒါဆို သခင်လေးဝယ်ထားပေးတဲ့ ချောကလက်ကိတ်လေး ပြင်ပေးမယ်နော်"
" မဟုတ်ပါဘူး စားကောင်းလွန်းလို့ ဆွေမျိုးပါ သတိရချင်သွားတယ်"
လက်မလေး နှစ်ချောင်းလုံးထောင်ပြီး ပြောလာသော SeokJin ကြောင့် ယူဂျင် ရီလိုက်မိပြီး
" ဘယ့်နှယ့် အကိုလေး SeokJin ရယ် ယူဂျင်ကြားဖူးတာဆို စားကောင်းလွန်းလို့ ဆွေမျိုးမေ့တယ်ဆိုတာဘဲရှိတာကို "
" ငါက အတိတ်မေ့နေတာလေ ဆွေမျိုးတွေမှမမှတ်မိဘဲ အဲ့တာကြောင့် ဆွေမျိုးသတိရချင်သွားတယ်လို့ပြောတာ"
SeokJin ပြန်အရွှန်းဖောက်ပြီးပြောပြလိုက်ပေမယ့် ယူဂျင်က အံ့ဩသလိုဖြစ်ပြီးနောက် မျက်နှာလေးညိုးသွားပြီး