Zawgyiတရားခွင်အတွင်း အမှုတွဲတွေတသီတတန်းနှင့် Kanအား တရားစွဲဆိုရာတွင် Woo YangJan ကလည်းသားဖြစ်သူ ထောင်မကျရေး သို့မဟုတ် အပြစ်ဒဏ်ပေါ့လျော့ရန်အတွက် ထိပ်တန်းရှေ့နေတွေကို ငှားထား၏။
ရှေ့နေဘယ်လောက်ကောင်းကောင်း သက်သေတွေပြည့်နှက်နေသည့် ဤအမှုဟာ လယ်ပြင်မှာ ဆင်သွားနေသကဲ့သို့ ထင်းထင်းလင်းလင်း။
"Woo Kanသည် စွဲဆိုထားသည့် ပြစ်မှုတွေအတိုင်း သက်သေထင်ရှားပါသည်"
တရားသူကြီးရဲ့ ဆုံးဖြတ်သံကို တရားခွင်အရှေ့ဆုံးအတန်းမှာထိုင်နေသည့် SeokJin တို့အားလုံး တိတ်ဆိတ်လျက်နာခံနေကြသည်။
"ထောင်ဒဏ် အနှစ်20"
ပေါ့လျော့လွန်းသည့် ပြစ်ဒဏ်ကို မယုံကြည်နိုင်သည့် မျက်လုံးတွေနှင့်ကြည့်ရင်း ဂျီအွန်းဟာ ငိုကြွေးနေသလို SeokJin လည်း အမြတ်ချောင်းချောင်းထွက်နေပြီဖြစ်သည်။
လတချို့ကြာသည်အထိ တရားရုံးကိုသွားလိုက်ပြန်လိုက် ပင်ပန်းခံပြီးမှရလာတဲ့ ရလဒ်ကြောင့် ငိုနေသည့် ဂျီအွန်းကိုနှစ်သိမ့်သည့်အနေဖြင့် SeokJin ဖက်ထားရင်း အရှေ့က Woo YangJan၏ မထီမဲ့မြင် အပြုံးတချို့ကိုလည်း စူးစိုက်ကြည့်ရင်း မြွေစိမ်းလေးသည် အဆိပ်ရည်အပြည့်ဖြင့် ကိုက်ပစ်ချင်စိတ်ကိုချုပ်တည်းနေရသည်။
~ဒုန်း~
လက်ကိုင်ဖုန်းကို တရားသူကြီးရှိရာ ပစ်ပေါက်လိုက်သည့် SeokJin ကြောင့် တရားခွင်တစ်ခုလုံးရုတ်ရုတ်သဲသဲဖြစ်သွားကြသည်။
လူကိုကပ်သီးလေးလွဲသွားသည့် ဖုန်းသည် အနောက်နံရံနှင့်ထိပြီး အစိတ်စိတ်အမွာမွာကွဲသွားသည်ကိုကြည့်ခြင်းအားဖြင့် ဘယ်လောက်မျှအားကုန်ပစ်လိုက်မှန်းသိသာလှသည်။
"တရားလိုအနေနဲ့ ဒါဟာ တရားခွင်ဆိုတာ သတိထားစေချင်ပါတယ် ကိုယ်ထိလက်ရောက်စော်ကားမှုနဲ့ ကိုယ်တိုင်ထောင်ထဲမရောက်ချင်ဘူးဆိုရင်ပေါ့"
"ဘယ်ဟာကို တရားမျှတမှုရှိလို့ တရားခွင်လို့ပြောနေတာလဲ။ သက်သေပစ္စည်းတွေရော လူသက်သေပါရှိတဲ့အပြင် ပြစ်မှုက ဒီလောက်ထင်ရှားနေတာကို တရားခံက ဒီလောက်နှစ်လေး ထောင်ကျတော့ နစ်နာတဲ့သူအတွက် ခဗျားတို့ ဘာပြန်လျော်ပေးမှာလဲ"
