Zawgyi
~Cause I'm off my face in love with you I'm out my head so into you~
အေးစိမ့်စိမ့် မနက်ခင်းမှာ ကြားလိုက်ရတဲ့ ဖုန်းသံကြောင့် NamJoon နိုးလာခဲ့ပေမယ့် စောင်ခေါင်းမူးခြုံကာ ပြန်အိပ်နေလိုက်သည်။
သို့သော် ဆက်တိုက်ခေါ်ဆိုနေသော ဖုန်းကြောင့် နာရီကိုကြည့်တော့ မနက်7ခွဲ။
သူတောက်တချက်ခေါက်လိုက်ပြီး
ဖုန်းရှိလောက်မည့် ကုတင်ဘေးကို လက်ဖြင့် စမ်းပြီးနောက် ကိုင်လိုက်ပြီး"ဘာလည်းကွာ လူအိပ်ချိန်ကို"
"ငါ မနက်ပြေးရင်း SeokJin အတွက် မနက်စာဝယ်လာမလို့ ပြီးတော့ အဝတ်အစားလည်း ဝယ်ပေးရမယ် မင်းအဝတ်တွေကြီးဘဲ ဝတ်နေရတာ အဆင်မပြေဘူးလေ"
" အင်းအင်း သိပြီ"
"အဲ့တာလှမ်းပြောတာ ဒါဘဲ"
TaeHyung ပြောတာကို ကြားပေမယ့် ပြန်မပြောချင်အောင်ကို အိပ်ငိုက်နေသည်။ အခုလည်း ဖုန်းကိုင်ရက်သား ပြန်အိပ်ပျော်သွားပေမယ့် စိတ်ထဲကနေ အသိပေးနေသလိုဖြစ်နေတာကြောင့် အိပ်ရာပေါ် ထထိုင်ကာ ပုခုံးအပေါ်နားလောက်ထိရှည်ပြီး ခပ်ရေးရေးကောက်နေတဲ့ဆံပင်တွေကို ဆွဲဖွပစ်လိုက်သည်။
" ကျစ်~ တကယ်အရှုတ်"
အိပ်ရာဘေးက စားပွဲပေါ်မှာ တင်ထားသော ခေါင်းစည်းကွင်းကို ယူပြီး ပွသယောင်ဖြစ်နေတဲ့ ဆံပင်တွေကို စုချည်ကာ မနက်တိုင်းလုပ်နေကြဖြစ်တဲ့ Gymပစ္စည်းတွေထားတဲ့အခန်းကိုဝင်သွားလိုက်သည်။
မိနစ်တချို့ကြာပြီးတော့ ချွေးသံတရဲရဲဖြင့် ပြန်ထွက်လာပြီး ရေချိုးခန်းစီ သို့ ဝင်လာခဲ့သည်။
ရေချိုးခန်းထဲတွင် ချွေးများရွဲနေသော အကျီကို ချွတ်လိုက်တော့ ပေါ်လာတဲ့ ကြွက်သားများက နေ့တိုင်းလေ့ကျင့်ခန်းလုပ်သူလို့ပင် မပြောရ
သူ့နေရာနဲ့သူ အစီအရီ။
အဆီပိုဆိုတာ Kim NamJoon လို လူရဲ့ ခန္ဓာမှာမရှိ ။ပုခုံးစပ်နားထိရှည်နေသော အနည်းငယ် ကောက်နေသည့် ဆံပင်တွေရယ် ၊ မျက်ရစ်မရှိဘဲ စူးရဲနေသည့် မျက်ဝန်းတွေရယ်က အဖေ့စီမှအမွေ။
ထူထဲလှသော မျက်ခုံး ၊ ထင်းထွက်နေသည့် မေးရိုးက လေးထောင့်မကျသလို ရှည်သွယ်ပြီး ချွန်နေတာမျိုးလဲမဟုတ်။
နီညိုရောင် ခပ်ဆွေးဆွေး နှုတ်ခမ်းပါးကတော့ ပျိုတိုင်းကျရှုံးရတဲ့ လက်နက်သဖွယ်။
![](https://img.wattpad.com/cover/323873328-288-k779626.jpg)