6✨

365 48 5
                                    

Zawgyi

အိပ်မက်တချို့က ထိတ်လန့်စရာ။ သွေးရောင်တချို့ရယ် အော်ငိုသံတွေရယ်က အာရုံထဲပေါ်လိုက်ပျောက်လိုက် ။ နောက်ဆုံး မီးရောင်စူးစူးနဲ့ ခရမ်းနက်ရောင် မျက်လုံးရယ် မှဲ့နက်လေးရယ် ကိုမြင်ယောင်မိတဲ့အချိန်တိုင်းက SeokJin အိပ်မက်ကနေ လန့်နိုးနေရမြဲ အချိန်တရပ်။

နာကျင်မှုနဲ့အတူ ဆေးရုံပေါ်မှာလှဲလျောင်းနေထဲက ဗလာနထ္ထိဖြစ်နေတဲ့ မှတ်ဉာဏ်ကြောင့် ဘယ်အရာကိုမှ မမှတ်မိ။

အနားကို ရုတ်တရက်ဆိုသလို ရောက်လာသောKim NamJoon ဆိုသည့်လူ။ သူ့အား အမြင်မကြည်မှန်း သိသာသော်လည်း ထုတ်တော့မပြချေ။
သူ့ပေါ် ကန့်လန့်တွေသာပြောပေမယ့် ထိုလူ့အနားမှာဆိုရင် လုံခြုံသလို ခံစားရတာကြောင့် သဘောကျသည်။

ကျွန်တော်က ဘယ်သူလဲ ၊ ဘယ်ကလဲ ၊
မိသားစုဆိုတာရော ရှိရဲ့လား ။ မမှတ်မိသော အိမ်ဆိုတဲ့အရာကို လွမ်းတယ်ပြောရင် ရူးရာကျမလား။ လက်တလောတော့ ထိုလူ၏ အရိပ်အမြုံအောက်မှာ မှတ်ဉာဏ်များ ပြန်လည်ရရှိလာသည်အထိ ခိုလုံချင်ပါသည်။

"SeokJin"

အိမ်အဝက ပန်းပင်လေးတွေကို ရေလောင်းရင်း TaeHyung ရဲ့ ခေါ်သံကြောင့် အတွေးနယ်ချဲ့ရာမှ သတိဝင်လာတော့သည်။

"ဟင်"

" ငါတို့ Night outထွက်မယ်
လိုက်မယ်ဆိုရင် အဝတ်အစား ကြိုထုတ်ထား Joonက စောင့်ရတာ ကြိုက်တာမဟုတ်ဘူး"

"အွန်း"

အိမ်ထဲကို သူတို့နှစ်ယောက်အတူပြန်ဝင်လာခဲ့ပြီး TaeHyung က SeokJin အတွက် တနေ့ကဝယ်လာသည့် အဝတ်တွေထဲက အခုသွားမယ့် နေရာနဲ့လိုက်လောက်တဲ့ ပုံစံမျိုးကို ရွေးထုတ်ပေးလိုက်သည်။

" အခုက အစောကြီးရှိသေးတယ် TVကြည့်ချင်ရင် ကြည့်နေ သွားမယ့်အချိန်နဲ့ ကပ်ရပ်လောက်မှ ရေချိုးပြီး ထုတ်ထားပေးတာတွေဝတ်လိုက်"

"အွန်း "

SeokJin ကို အဝတ်ပြင်ပေးပြီး အခန်းထဲက ပြန်ထွက်လာတော့ ဧည့်ခန်းမှာ ထိုင်နေတဲ့ Joon ကြောင့် အနားကို လျှောက်သွားလိုက်ပြီး

"Joon ညကြ ကလပ်သွားရင် SeokJin ကိုပါခေါ်သွားမှာနော်"

" ဘာ!.......ရူးနေလို့ သူ့ကိုပါခေါ်မှာလား'

KUNG LAY Where stories live. Discover now