Zawgyi
" ကျွန်တော်က Kim TaeHyung နဲ့ SeokJin ရဲ့ အုပ်ထိန်းသူပါ သူတို့အခုဘယ်မှာလဲ"
" ခုနက ရန်ဖြစ်ပြီးရောက်လာတဲ့ နှစ်ယောက်လား"
" ဟုတ်ပါတယ်"
" ဒီလမ်းအတိုင်းသွားပြီး ဘယ်ချိုးလိုက်ပါ
ရဲမှူးက မေးမြန်းနေပါတယ်"သက်ပြင်းနိုင်နိုင်သာချပြီး ရဲသားတစ်ယောက်ညွှန်ပြတဲ့နေရာကို သွားလိုက်တော့
ရဲမှူးဆိုသူရှေ့မှာ ထိုင်နေသည့် ပြသာနာ
နှစ်ယောက်ကို တွေ့လိုက်ရပြီး နောက်ထပ် ဘေးနေရာမှာကျ လူ3ယောက်က မေးမြန်းခံနေရသည်။ သေချာပေါက် 3ယောက်လုံးရဲ့ မျက်နှာကလည်း စုတ်ပြတ်သက်စွာ။" ကျွန်တော်က အုပ်ထိန်းသူပါ ဘယ်လိုဖြစ်ကြတာလဲ ရဲမှူး"
အသံကြားရာဘက်ကို နှစ်ယောက်လုံးလှည့်ကြည့်လာပြီး SeokJin မျက်လုံးများက အရောင်လက်သွားကာ နောက်ထပ် NamJoon အနောက်မှာပါလာတဲ့သူကြောင့် အကြည့်ပြန်လွှဲပြီး မျက်နှာတည်ထားလိုက်သည်။
" မင်းရဲ့ အလုပ်ဆိုတာအဲ့တာလား Joon"
TaeHyung NamJoon ရဲ့အနောက်ကို ကြည့်ပြီး ရွဲ့ပြောလာသည်မို့
" ဟို ဂျီအွန်းကို ကိုကိုက လာကြိုတာပါ တချို့လို ပြသာနာလိုက်ရှင်းပေးရတာမှမဟုတ်ဘဲ "
ရယ်သံနှောပြီးပြောတဲ့ ဂျီအွန်းပုံစံက ဖော်ရွေသည့် မိန်းမငယ်လေးသဖွယ်။
" ပြသာနာဖြေရှင်းဖို့ရုံတင်မဟုတ်ဘဲ အစဆွဲထုတ်ပြီးလဲ ပြသာနာကိုမီးမွှေးရှာတက်တယ် ဘယ်လိုလဲ မီးမွှေးကြည့်ရမလား"
သိသာစွာပျက်သွား ဂျီအွန်းမျက်နှာကြောင့် အသံထွက်သည်အထိရီလိုက်ပြီး အရှေ့ကိုမျက်နှာပြန်လှည့်လိုက်သည်။
" ရှေ့နေလွှတ်လိုက်မှာမို့ လောလောဆယ် သူတို့ကိုခေါ်သွားလို့ရပြီမလား"
" ခံဝန်ထိုးပြီးရင် အိမ်ပြန်ခေါ်သွားလို့ရပါပြီ"
ရောက်ထဲက NamJoon အာရုံက ငြိမ်နေပြီးသူ့ဘက်ကိုလှည့်ကြည့်မလာသေးသည့် SeokJin စီကိုသာရောက်နေသည်။ ပြန်ဖို့ပြောတော့လဲ ငြိမ်နေသည်မို့ လက်မောင်းကဆွဲပြီး ခေါ်ထုတ်လာခဲ့ရသေးသည်။