Zawgyi
Warning
ဒီအပိုင်းကို ပြချင်လွန်းလို့ ဂျေး ဇာတ်လမ်းတစ်ခုလုံးကို အရှိန်ယူခဲ့ပါတယ်။ ယုတ်မာရိုင်းစိုင်းမှုအခန်းတချို့အတွက် ကြိုတင်သတိပေးတာပါ။
______________________
အရိုင်းဆန်၍ ကစဉ့်ကယားဖြစ်နေသော မျက်လုံးအစုံကို နွေးထွေးခြင်းတွေနဲ့ ကြိုဆိုလျက် လက်ကိုဆုပ်ကိုင် နှစ်သိမ့်တော့ ပြိုကျလာသည့် မျက်ရည်တွေ၊ ရှိုက်သံတွေ။
နာကျင်လွန်းလို့၊ မုန်းလွန်းလို့၊ ရွံ့ရှာလွန်းလို့ ငိုမိတဲ့ ရက်ပေါင်းများစွာနဲ့ယှဉ်ရင် အခုက လုံခြုံလို့၊ အားကိုးစရာတွေ့လို့ ငိုသည့်မျက်ရည်။
ရက်၊ လ တချို့ကို နောက်ပြန် မရစ်ကြည့်ချင်သော်လည်း တိုင်တန်းချင်သည် ရင်ဖွင့်ချင်သည်။ နောင်တတရားတွေဟာ NamJoon အပေါ်ယခုတိုင် မျက်နှာချင်းဆိုင်ဖို့အတွက်တောင် အားနာရလွန်းလို့။ အရှက်မဲ့စွာ တချိန်လုံးသူနှိမ်ချတက်သည့် SeokJin ကိုသာ လုံခြုံမှုအဖြစ် ရွေးချယ်ခဲ့သည်။
"ဟင့်အင်း Daddy ဂျီအွန်းသဘောမတူဘူး Daddyစိတ်တိုင်းကျ နေပေးလို့ ဂျီအွန်းသိက္ခာတွေလည်း ရေစုန်မျောပြီးပြီ......Kanကို လုံးဝလက်မထပ်နိုင်ဘူး"
"နင့်မှာငြင်းပိုင်ခွင့်မရှိဘူး ငါအကုန်စီစဉ်ပြီးနေပြီ။
ဒီလိုမဖြစ်စေချင်ရင် နင့်ဘက်က အနေထိုင်ဆင်ခြေလေ အခုတော့ ငါ့အကျိုးမြတ်တွေ မပျောက်ဖို့အတွက်ဘဲ ခေါင်းထဲထည့်ထား"Kim NamJoon ရဲ့ Partyပွဲပြီးတဲ့ နောက်ရက်မှာတင် တဟုန်ထိုးကျဆင်းလာတဲ့ W.Mရဲ့ ရှယ်ယာတွေတင်မက ပူးပေါင်းမှုလုပ်ထားသည့် ဂျီအွန်းတို့ Companyကိုပါလာထိတာမို့ အကုန်ယိုင်နဲ့နဲ့ဖြစ်နေကြသည်။
အကြွေးဒဏ်ပိုပိုနစ်လာသည့်အခါ WMက ပြိုမကျအောင် ထောက်တိုင်အဖြစ် ဂျီအွန်းကို ဒိုင်းကာအဖြစ် ယူသုံးတော့သည်။
ဂျီအွန်းကို Kanနှင့်လက်ထပ်ပေးပြီး ဂျီအွန်းအဖေ companyရဲ့လက်အောက်ကို WMကဝင်၍ တစ်ဖက်ပြိုလည်း တစ်ဖက်ကို မှီလို့ရအောင် Woo YangJanက ကြံသလို Kan ကလည်း အဖေဖြစ်သူ၏ ဆန္ဒအတိုင်း ကြိုးဆွဲရာမှန်သမျှ ကသည်။