22✨

302 44 6
                                    

Zawgyi

"အာ့"

နဖူးတည့်တည့်အားအရှိန်ပြင်းစွာ လွင့်စင်လာသော ပန်းအိုးအသေးလေးကြောင့် နောက်ပြန်လဲကျသွားသည့်အပြင် လက်က နဂိုပြန့်ကျဲနေသည့် ဖန်ကွဲစတွေပေါ် ထောင့်မိသွားတော့ နာကျင်မှုက အသည်းခိုက်မတက်။

" မလာနဲ့ ထွက်သွားကြအကုန်!"

"Joon ....ငါ...ငါလေ"

လဲကျနေရာမှပြန်ကုန်းရုန်းထပြီးအနားကိုသွားတော့ NamJoon က ထိုင်နေရာမှထပြီး အပေါ်ထပ်ကိုပြေးတက်သွားသည်။
အခန်းတံခါးပိတ်သံ အကျယ်ကြီးကြောင့် ကိုယ်လုံးလေးတုန်တက်သွားပေမယ့် အကြည့်တွေက ကြမ်းပြင်ပေါ်က သွေးကွက်များထံမှာသာရှိနေသည်။

NamJoon ဖန်ကွဲစတွေပေါ် ခြေဗလာဖြင့် နင်းသွားခဲ့သည်ဘဲ။

"SeokJin .... Joon!!"

TaeHyung အိမ်ထဲသို့ဝင်လာသည်နှင့် မွစာကျဲနေသော ဧည့်ခန်းနဲ့ သွေးလွမ်းနေပြီး မတုန်မလှုပ်ရပ်နေသော SeokJin ထံ ပြေးသွားလိုက်ပြီး

" SeokJin ဘာဖြစ်တာလဲ Joon လုပ်လိုက်တာလား ငါမေးတာဖြေစမ်း SeokJin!!"

"Tae..... Joon က....ခြေထောက်မှာ သွေးတွေအများကြီး ထွက်နေတာ....."

သူ့ဘက်ကိုပြိုလဲကျလာသော ကိုယ်လုံးလေးကို ပွေ့ချီပြီး ခေါ်တော့လည်း သတိမလည်တော့တာမို့ ကားရှိရာကို မချီပြေးရပြန်သည်။

" အကြီးဂို...လေးချန်!"

ခြံအဝနားက သီးသန့်အိမ်ထဲကို အော်ခေါ်တော့ အကြီးဂို၊လေးချန်ရော ယူဂျင်ပါပြေးထွက်လာကြပေမယ့် မျက်နှာမကောင်းကြ

" သခင်လေး TaeHyung လာတာနဲ့ အတော်ပါဘဲကွယ် သခင်လေးကို ဘယ်လိုမှထိန်းမရတော့လို့ အကြီးတို့ သခင်မကြီးကို သတင်းပို့တော့မလို့"

"သူဘာမှမဖြစ်တာမို့ ဒေါ်လေးYuRaကိုဖုန်းမဆက်နဲ့။ အခုအိမ်ကပွနေတာတွေကိုရှင်းပေး Kim NamJoon အပြင်ထွက်မယ်ဆိုရင်တော့ မေ့ဆေးဘဲပေးရပေးရ လုံးဝပေးမထွက်နဲ့။  ထိန်းမရရင်ကြိုးချည်ထားလိုက် ကျွန်တော်အခု ဆေးရုံခဏသွားပြီးရင် ပြန်လာခဲ့မယ်"

"ဟုတ်ကဲ့ပါ သခင်လေး"
.
.
.
"လူနာက ဦးခေါင်းဒဏ်ရာရဘူးလား"

"ဟုတ်ကဲ့ ဒေါက်တာ SeokJin က လွန်ခဲ့တဲ့ လအနည်းငယ်က မတော်တဆမှုကြောင့် အတိတ်မေ့ထားတဲ့သူပါ"

KUNG LAY Where stories live. Discover now