18✨

326 46 5
                                    

Zawgyi


" သူ ဘာဖြစ်တာလဲ အန်ကယ် JaeSan"

အန်ကယ် JaeSanက NamJoon တို့မိသားစုရဲ့ ပင်တိုင်ဆရာဝန်ဖြစ်ပြီး NamJoon အမေရဲ့ သူငယ်ချင်းလည်းဖြစ်သည်။

အသားဖြူဖြူ အရပ် 5'10လောက်ရှိသော Min JaeSanသည် အသက် 40လို့ပင် မထင်ရအောင် နုပျိုနေ၏။

ငယ်စဉ်ထဲက ဦးလေးအရင်းလို သံယောစဉ်ပြီး NamJoon ရိုသေရတဲ့သူလည်းဖြစ်သည်။

" ကြည့်ရတာတော့ Allergiesဖြစ်တဲ့ လက္ခဏာ ဘဲ ဘယ်အချိန်က စပြီးဖြစ်တာလဲ"

" ညက တရေးနိုးရေထသောက်တော့မှ ကိုယ်မှာ အနီကွက်အသေးတွေထွက်လာပြီးယားနေတာ မနက်ကြမှပိုကြီးလာတာ"

" အဲ့မတိုင်ခင်ဘာစားမိသေးလဲ"

" မနေ့က ညနေပိုင်း ဘာမှမစားထားပါဘူး ဝိုင်တစ်ခွက်တော့ သောက်မိပေမယ့် အကုန်ပြန် အန်ထားပါတယ်"

" အင်း အန်လိုက်တာကြောင့် အကျိုးသက်ရောက်မှုက ဒီအရေပြားပေါ်ဖြစ်တာလောက်နဲ့တင်ပြီးသွားတာ.....Kim NamJoon"

အန်ကယ် JaeSanက ခေါ်တော့ ဘေးတွင်ရပ်ကြည့်နေရင်းမှ ထူးလိုက်သည်

" ဟုတ်ကဲ့ အန်ကယ်JaeSan"

" ဒီကောင်လေးကို အခု အရောင်ကျဆေးလောက်ဘဲ ထိုးပေးလို့ရတယ် နေ့လည်လောက်ကျရင် ဆေးရုံမှာ သွားစစ်လိုက် ဘာနဲ့ ဓာတ်မတည့်တာလဲဆိုတာသိရင် နောက်ကျပိုသတိထားကြပေါ့"

" ဟုတ်ကဲ့ပါ "

အန်ကယ် JaeSan က ပြောပြောဆိုဆို အိတ်ထဲက ဆေးပစ္စည်းများထုတ်လိုက်၏။ ဆေးပုလင်းအသေးလေးရယ် ဆေးထိုးအပ်ရယ်ကိုထုတ်လိုက်ပြီး SeokJin လက်ကိုထိုးဖို့ ပြင်လိုက်ချိန်

" အားး!!!"

အသားထဲကို ဆေးထိုးအပ်ဝင်သွားပြီးနောက် အော်သံက တပြိုင်ထဲထွက်လာပြီး အကြည့်အားလုံးက သူ့အပေါ်ကို ရောက်လာကြသည်

" ဟိတ်ကောင် ဆေးထိုးတာက SeokJinလေ
မင်းကဘာလို့ လာအော်နေတာလဲ"

TaeHyung ပြောတာကိုတောင် ဂရုမစိုက်ဘဲ
ကုတင်ပေါ် လွှားခနဲ တက်ထိုင်ကာ

" ဝင်သွားတာ အနက်ကြီးဘဲလေ....နာလား နာလား"

သူ့လက်ကိုစူးစိုက်ကြည့်ပြီးမေးနေတာကြောင့် ဘေးက ဆရာဝန်ဆိုသူကိုတောင် SeokJin  အားနာချင်သွားသည်။

KUNG LAY Where stories live. Discover now