37✨

290 37 8
                                    


Zawgyi

အိမ်ဘေးက ခုံကြီးပေါ်ထိုင်ရင်း မနက်ကအကြောင်းရာတွေကိုပြန်တွေးမိတော့ ပြုံးရပြန်သည်။

နူနားနဲ့ အဖိုးကို ကြုံခဲ့တဲ့ ပြသာနာတွေနဲ့ Joonရဲ့ဂရုစိုက်မှုတွေကိုပြောပြရင်း တစ်နေ့တာကို ကုန်ဆုံးလိုက်သည်။ အရာရာကလွယ်ကူနေခြင်းမဟုတ် ဒီလိုအခြေနေကို လက်မခံပေးနိုင်ရင်တောင် အလျော့မပေးဘဲ နားဝင်အောင်ပြောဖို့တွေးထားပြီးသား။

အဆိုးဝါးကြီးမဟုတ်ဘဲ ကိုယ့်ဖြစ်တည်မှုကို လက်ခံပေးခဲ့တာနဲ့တင် ဒီမိသားစုမှာ မွေးဖွားခွင့်ပေးတဲ့ ဘုရားသခင်ကို ကျေးဇူးတင်ကြောင်းအသက်ရှင်နေသ၍ပြောမည်။

စကားဝိုင်းပြီးတော့ ဝမ်းနည်းရိပ်သန်းနေသည့် NamJoon အမေနှင့်လည်းစကားပြောခဲ့သေးသည်။ ထပ်လက်မခံဘူးဟုပြောမယ်ထင်ထားသော်လည်း NamJoon အမေပြောသည်က။

"တစ်သက်လုံး လမ်းမှန်ဆိုတဲ့နေရာကို နောက်မလှည့်ကြည့်ဘဲလျှောက်မိနေတာ ကိုယ့်သားသမီးနာကျင်ရတာကိုတောင် မသိခဲ့ဘူး။ တကယ်တကိုယ်ကောင်ဆန်တဲ့ မိခင်ဖြစ်ခဲ့တာ.......အမေ့အစား သားJoonကို ပျော်ရွင်အောင်ထားပေးမလား SeokJin" တဲ့

ကတိတွေအထပ်ထပ်ပေးပြီးနောက်မှာတော့ NamJoon က သူ့အမေကို တည်းမည့် Hotelအထိပြန်လိုက်ပို့ပေးသည်။ နှစ်ယောက်သား အချိန်တစ်ခုလိုသောကြောင့်လဲပါမယ်ထင်။

" Jong ရှိလား"

"ဟာ...ယိုယို Hyung Hyung က အနောက်ခြံမှာ ခဏနော် သား ခေါ်ခိုင်းလိုက်မယ်"

အိမ်အကူကောင်မလေးတစ်ယောက်ကို Hyung ကို ခေါ်ပေးဖို့ ပြောပြီးတော့  SeokJin နဲ့အတူ ယူအင်ဝူးလည်း ထိုင်ခုံမှာဝင်ထိုင်လာသည်။

" အိမ်မှာဧည့်သည်ရောက်နေတာလား "

" ဧည့်သည်တော့လည်းမဟုတ်ပါဘူး ယိုယို Hyung ဘာကိစ္စနဲ့လာတာလဲ Uniformတောင် မလဲဘဲ ရောက်လာတာဆိုတော့"

ရဲဝတ်စုံနှင့် ကြည့်ကောင်းလှသော ယူအင်ဝူးသည် ပျိုတိုင်းကြိုက်မည့် နှင်းဆီခိုင်လိုလူသားပင်။

"အရင်နေ့ကပြောတဲ့ကိစ္စလေ အခုကိုယ်သတင်းရတာနဲ့ တာဝန်ချိန်ပြီးတော့ ဒီကို တန်းလာလိုက်တာ"

KUNG LAY Where stories live. Discover now