part(1)unicode

24.4K 1.1K 29
                                    

  ""ခွပ်ဟ...ခွပ်ထား...ဖေ့သားကြီး..ပွဲကျော်လေး ခွပ်ထားကွ...''

  တဖြန်းဖြန်းခွပ်နေသည့် ကြက်နှစ်ကောင် သည်းကြီးမဲကြီးပင်...။

    ""ဒရယ်ကုန်းကကောင်တွေကို
ထမ်းမနိုင်သားရဲ့သွေးဘယ်လောက်နီလဲဆိုတာ
ပြလိုက်ဖေသားကြီး''

ကြက်ဝိုင်းတစ်ခုလုံးတွင် သွန်းလျှန်မိုးခအသံနှင့်သာပြည့်နှက်နေ၏..။

ရွာနှစ်ရွာကြားက မြေကွက်အလွတ်တွင် နှစ်ဖက်ရွာသားတွေဆုံပြီး ကြက်တိုက်တာက တစ်ပတ်ကိုတစ်ပွဲအမြဲလိုဖြစ်သည်မဟုက်လား...။

နိုင်သည့်ဘက်က ရှုံးသည့်ဘက်ကို လေတိုက်တာကလည်း ကြမ်းသည်မို့ ရန်ပွဲကလည်းခနခနမကြားချင်မှအဆုံး....။

ကြက်ဝိုင်းမှာရန်မဖြစ်နဲ့ ဖြစ်လိုက်တာနဲ့
သွန်းလျှန်မိုးခတို့အုပ်စုမှလွဲရျ် တခြားဘယ်သူမှမဟုက်...။

လူပုံစံလေးက ဖြူဖြူသေးသေးလေးနှင့် စွပ်ကျယ်အင်္ကျီနှင့် ဘောင်းဘီတိုသာဝတ်တက်သူမို့ ခလေးသာသာပုံစံမို့အထင်မသေးလိုက်နှင့် ဆူဆိုသူကဦးအောင်ရိုက်ထားပြီးသား...။

လူကြီးအိမ်ရောက်တဲ့အခေါက်ပေါင်းကလည်း သူ့အသက်ကို10နဲ့မြှောက်ရင်တောင်
ထိပ်တုံးခတ်ခံရသည့်အကြိမ်အရေအတွက်ကိုမှီမည်မဟုက်..။

အဖဖြစ်သူသူကြီးကလည်း သူ့သားဆိုသည်တိုင် ရန်ဖြစ်တိုင်းထိတ်တုံးခတ်ခိုင်းထားတက်သည်...။

အခုလည်း သူ့ကြက်ကအသာကခွပ်နေသည်မို့ လေသံက ခပ်ကြွကြွပင်..။

မနေ့ကမှ 5သိန်းကျော်ပေးပြီးဝယ်ထားတဲ့ ကြက်
မို့ ခြေကောင်းနေသည်ကလည်းမဆန်း...။

တစ်ရေပေးပြီးပြန်အချတွင် သူ့ကြက် ပွဲကျော်၏
ခွပ်ပေါက်ခွပ်လမ်းတွေကြောင့် တဖက်ဒရယ်ကုန်းရွာမှ ဗျာဝါကအတည်ပင်မခံတော့ ထွက်ပြေးသွားသည်...။

ဒါမျိူးနိုင်လို့ကတော့ သွန်းလျှန်မိုးခတို့လေတိုက်ကောင်းပြီလေ...။

""ဒရယ်ကုန်ကြက်တွေများ သွေးနည်းချက်ကွာ ဒါမျိူးနဲ့ ထမ်းမနိုင်ရွာက ကြက်ကိုနိုင်ဖို့မစဥ်းစားဟေ့....။
ဒီနေတော့ လောင်းကြေးလေးနဲ့ ထန်းရည်သောက်ပြီးအေးဆေးနှပ်တော့မယ်ကွာ...။

ကျွန်တော့်ယောက်ကျာ်း တစ်ရွာသား(Complete )Where stories live. Discover now