သွှန်းလျှံမိုးခ ပျက်ယွင်းနေသည့်ဦးမျက်နှာ
ကြောင့် သူ့ရင်ထဲလည်း လှိုင်းတွေခက်ထန်သွားရသည်...။
နာမည်လေးတစ်ခုကြားရုံနဲ့ ပြိုလဲသွားသည့်
ဦးအတွက် နာကျင်စရာတွေဘယ်လောက်များ
ကြုံတွေခဲ့ရသလဲဆိုတာ သွှန်းလျှံမိုးခ ပြေးကြည့်နေစရာမလို...။
တွေးကြည့်ရုံနင့်သိနိုင်သည်လေ...။
သွှန်းလျှံမိုးခ ဦးအနားကိုကပ်သွားလိုက်ပြီးခန္တာကိုယ်လေးကိုထိန်းပေးရင်း...""ဦးဘာဖြစ်သွားတာလည်း....တစ်ခုခုဆိုသားကိုပြောပါ...''
""ရပါတယ်သွှန်းလျှံရယ်....ငါကြောင့်မင်းပါပိုစိတ်ဆင်းရဲရလိမ့်မယ်''
""မဟုက်တာဘဲဦးရယ်....ချစ်သူတွေကြားထဲမှာ ဒါတွေမလိုအပ်ဘူးလေ''
ဦးက သွန်းလျှံအား အားယူပြီပြုံးပြကာ....။
""အင်း...ကိုယ်လည်းမင်းကိုအပွင့်လင်းဆုံးပြောပြချင်ပါတယ်''
သွန်းလျှံဦးလက်ကလေးကိုဆုပ်ကိုင်လိုက်ရင်း....
""သားနားထောင်မယ်လေ...ဦးခံစားချက်တွေကို သားမျှဝေပေးမှာပေါ့...''
""ကောင်လေးသိချင်ရင်ဦးပြောပြပါ့မယ်...ဒါကလည်း ကောင်လေးနဲ့ကိုယ်ကြားထဲမှာ နောက်ပိုင်းပြသနာတွေမလိုလားအပ်လို့ပါ''
သွှန်းလျှံမိုးခ ဦးမျက်နှာလေးကိုစေ့စေ့ကြည့်ပြီး နှစ်လို့ဖွယ်အပြုံးတစ်ပွင့်ပြုံးပြလိုက်ပြီး....
""ဘယ်အခြေနေဖြစ်ဖြစ်သားဦးကိုလက်လွတ်မှာမဟုက်ပါဘူး.....ဦးကိုသားအမြဲယုံကြည်နေမှာပါ''
""အင်း..ကိုယ်လည်းမင်းကိုယုံပါတယ်....''
နှိုင်းစဝ်မင်းသွင် အနားကကောင်လေးကို ခုံမှာထိုင်ခိုင်လိုက်ပြီး သူကိုယ်တိုင်လည်း
ထိုကောင်လေးဘေးတွင်ဝင်ထိုင်ကာ....
သူ့ဘဝရဲ့ နက်ရှိုင်းစွာနာကျင်စေခဲ့သည့် အတိတ်တွေကို ပြန်လှည်ဖော်ဆောင်လိုက်တော့သည်...။.............
နှိုင်းစဝ်မင်းသွင် ဆယ်တန်းဖြေပြီးသိပ်မကြာခင်ပင် အမေဖြစ်သူက ဆုံးပါသွားခဲ့ရသည်...။သူ့တို့မြို့နယ်လေးမှာ အမှတ်အများဆုံးနဲ့အောင်မြင်ခဲ့သည့်သူ့ကိုပင် အမေဖြစ်သူကတွေ့မြင်မသွားခဲ့ပေ...။

KAMU SEDANG MEMBACA
ကျွန်တော့်ယောက်ကျာ်း တစ်ရွာသား(Complete )
Romansaမင်းစဝ်နှိုင်းသွင် ဒီကောင်လေးနဲ့ခက်ပါရဲ့ကွာ...မင်းရည်စားစကားပြောနေတဲ့သူက မင်းအဖေလောက်ရှိတယ်ဆိုတာရော သိရဲ့လား.... သွန်းလျှံမိုးခ အသက်အရွှယ်အပိုင်းအခြားတွေ ထည့်ပြောမနေနဲ့ဦး....ချစ်ရင်ချစ်တယ်.... မချစ်ရင်မချစ်ဘူးပြော...။ ပြောမရရင်အပိုင်ဘဲကြံရကြံရ...ကျ...