Part(19)U

7.2K 454 6
                                    

  အပင်ကြီးအပင််ငယ်တွေနှင့်အုပ်မိုးကာ အေးချမ်းနေသည့် ခြံဝန်းလေးထဲတွင် နေ့နေ့ညညစာကျတ်သံတွေကသာကြီးစိုးနေသည်...။
တချက်တစ်ချက် ရယ်သံသဲ့သဲ့လေးတွေလည်းထွက်ပေါ်လာတက်သေးသည်ပင်...။

စာမေးပွဲက တစ်ဖြေးဖြေးနီးကပ်လာနေပြီမို့ တစ်နှစ်လုံးကြိုးစားထားသမျှ သဲထဲရေသွန်မဖြစ်စေချင်သည့် သွန်းလျှံတို့တစ်စု စာကိုသာဖိလုပ်နေရသည်...။

အမှန်ဆို စာမေးပွဲက တစ်လနီးနီးလိုနေသေးပေမယ့် ရည်မှန်းချက်တွေအတွက်အခုချိန်သူတို့တစ်အုပ်စုလုံးကြိုးစားမှရပေမည်...။

ဆယ်တန်းဖြေပြီးတာနဲ့ သူတို့စတင်ကြတော့မယ့် ဘဝခရီးလမ်းတွေက ကိုယ်စီရှိနေကြသည်လေ..။

ဝေယံနှင့်ခန့်မင်းနောင်/ နန္ဒနှင့်စည်သူတို့
အတွဲကိုယ်စီက စာမေးပွဲဖြေပြီးတာနဲ့ မိဘတွေကိုဖွင့်ပြောပြီး နှစ်ယောက်တစ်ဘဝ ထူထောင်ကြရန် အားခဲထားကြသည်မို့ မိဘတွေကျေနပ်အောင် လောလောဆယ် သူတို့စာကြိုးစာပြရမည်လေ...။
ဆယ်တန်းအောင်တယ် မအောင်ဘူးဆိုတာက
သူတို့အတွက် အရေးကြီးတဲ့အရာတစ်ခုမဟုက်ပေမယ့် မိဘတွေအတွက်ကတော့ ကိုယ်သားသမီးကို အောင်မြင်စေချင်သည့်စိတ်ရှိနေသည်မို့ မိဘတွေဆန္ဒကိုသူတို့ဖြည့်စည်းပေးသင့်ပါသည်လေ...။

အခုဆို သူတိုတစ်အုပ်စုလုံး အိမ်ပင်မပြန်ဖြစ်ကြတော့...။
ဦးအိမ်မှာသာ အကုန်စုနေကြပြီး စာကိုသာတစိုက်မတ်မတ်လုပ်နေကြရသည်...။

ညအိပ်တော့လည်း သူငယ်ချင်းတစ်စုလုံး အတန်းလိုက်အိပ်ကြတာမှန်ပေမယ့် အတွဲကိုယ်စီနဲ့ကောင်တွေက သူတို့သက်ဆိုင်ရာတွေကို ဖက်အိပ်ကြတာမို့ သွှန်းလျှံလည်း ဦးကို ဂျီကျတောင်းဆိုပြီး နောက်ဆုံးမှ ဦးနဲ့အတူတူအခန်းထဲလိုက်အိပ်လို့ရသည်လေ...။
(ဒီတိုင်းလေးဘဲဖက်အိပ်ကြတာပါ...)

ဒီမနက်လည်း အိမ်တွေက လာပို့ထားကြသည့်မနက်စာကို ဝိုင်းဖွဲ့စားရင်း တစ်ယောက်ကိုတစ်ယောက် စလိုက်နောက်လိုက်နှင့် မနက်စာဝိုင်းလေးက ပိုမိုမြိုင်ဆိုင်နေသည်ပင်...။

ထမင်းစားနေစဥ် သွှန်းလျှံဖုန်းက အသံမြည်လာတာကြောင့်အားလုံးကအသံတိတ်သွားကြရသည့်..။
သွန်းလျှံဖုန်းကိုင်လိုက်ကာ တဖက်က အပြောကို နားထောင်ပြီး....

ကျွန်တော့်ယောက်ကျာ်း တစ်ရွာသား(Complete )Where stories live. Discover now