သွှန်းလျှံမိုးခ ဆိုင်ကယ်ကိုရပ်ထားလိုက်ပြီး
ဦးသွင်ဆီအပြေသွားရသည်..။
စက်ဘီးကဇီးခြုံထဲရောက်သွားပေမယ့် လူက ခုန်ချနေခဲ့ရ်ျတော်သေးသည်..။
လူပါဇီးခြုံထဲရောက်သွားရင်တကယ်မတွေးဝံစရာ...။
သွှန်လျှံခအနားသွာကာ ဦးသွင်းအားဆွဲထူပေးလိုက်ပြီး.....""ဦးသွင်ကလည်း...ဇီသီးစားချင်တာများမပြောဘူး......သားခူးကြွေးမှာပေါ့ အခုတော့ ဒဏ်ရာတွေရပြီမဟုက်လား''
သူများနာကျင်နေတဲ့အချိန်တောင် ဟိုခွေးသားလေးက မျက်ခွက်ပြောင်တာကရပ်မသွား..။
တကယ့်ကျောက်ကျောပင်..။
ဒဏ်ရာတွေကနာတာကြောင့် ဒေါသကပါအလိုလိုနေရင်းထွက်လာသည်မို့
အရှေ့ကအကောင်၏ ကျောပြင်ကိုဗျောတင်ပေးလိုက်ပြီး.....""ဘောကို ဇီးသီးစားချင်ရမှာလား...အဲ့တာမင်းကြောင့်ဖြစ်ရတာ....ခွေးကောင်...မင်းမျက်နှာကိုငါမမြင်ချင်ဘူး....သွား...အခုထွက်သွားတော့''
""သားကိုသွားခိုင်းနေရအောင်....
ဦးသွင်ကအခုမတ်တပ်တောင်ရပ်နိုင်လို့လား...''ထိုကောင်လေးပြောတာအမှန်ပင်...။
စက်ဘီးကဇီးခြုံထဲဉီးတည်ပြီးဝင်သွားတာမို့ သူခုန်ချနေခဲ့ခြင်းပါ...။
ရုတ်တရက်ခုန်ချလိုက်တော့ မြေကြီးပေါ်အကျတွင် ခြေထောက်ကခေါက်ကျသွားဟန်တူ၏...။
အခုမတ်တပ်တောင်မရပ်နိုင်ရ်ျ သူ့ကိုအားယူပြီး မင်းစဝ်နှိုင်သွင်ရပ်နေရသည်မဟုက်လား...။""ဦးအိမ်ပြန်မှာမဟုက်လား...သားလိုက်ပို့မယ် စက်ဘီးတော့ဒီနားဘဲထားခဲ့လိုက်...ပြီးမှသားပြန်လာယူပေးမယ်''
မင်းစဝ်နှိုင်းသွင် ထပ်မငြင်းတော့ဘဲ ခေါင်းသာညိတ်လိုက်တော့သည်.. ။
""အင်း...''
အားမတန်မာန်လျှော့ရမည်မဟုက်လား...။
သူကိုယ်တိုင်က လမ်းတောင်ကောင်းကောင်းမလျှောက်နိုင်တော့ရ်ျ ထိုကောင်လေးကို
အားမကိုးချင်ဘဲအားကိုးရတော့မည်သာ..။သွန်းလျှံမိုးခ ဦးသွင်ကိုဆိုင်ကယ်ပေါ်ထိုင်ခိုင်းလိုက်ပြီး အိမ်သို့ပြန်ပို့ပေးလိုက်သည်...။
ခုန်ချလိုက်တဲ့အရှိန်နဲ့မြေကြီးကပါမညီမညာဆိုတော့ခြေထောက်ခေါက်လဲသွားသည့်အပြင် ဒူးတွေရောလက်တွေပါ ပွန်းပဲသွားတာမို့တော်တော်နာသွားသည်ထင်၏....။
ဦးသွင်မှာမတ်တပ်ပင်ကောင်းကောင်းမရပ်နိုင်...။

YOU ARE READING
ကျွန်တော့်ယောက်ကျာ်း တစ်ရွာသား(Complete )
Romanceမင်းစဝ်နှိုင်းသွင် ဒီကောင်လေးနဲ့ခက်ပါရဲ့ကွာ...မင်းရည်စားစကားပြောနေတဲ့သူက မင်းအဖေလောက်ရှိတယ်ဆိုတာရော သိရဲ့လား.... သွန်းလျှံမိုးခ အသက်အရွှယ်အပိုင်းအခြားတွေ ထည့်ပြောမနေနဲ့ဦး....ချစ်ရင်ချစ်တယ်.... မချစ်ရင်မချစ်ဘူးပြော...။ ပြောမရရင်အပိုင်ဘဲကြံရကြံရ...ကျ...