part(21)

6.9K 439 11
                                    

""ဆရာလူနာသတိရလာပြီနော်''

""အေးအေး..ဆရာလိုက်ခဲ့မယ်နော်..'''

လူနာရှိရာအခန်းဆီသို့ ခြေလှမ်းကျဲတွေဖြင့်
လှမ်းလျှောက်သွားမိသည်..။

ပုံမှန်ခြေလှမ်းဆိုပေမယ့် တော်ရုံလူလိုက်မမှီနိုင်အောင် သူခြေလှမ်းတွေက ခပ်ကြဲကြဲပင်...။

အခန်းထဲရောက်တော့သတိရနေပြီဖြစ်တဲ့လူနာကသူကိုမြင်သည်နှင့် ကျူံးထရန်ပြင်နေတာကြောင့် မထဖို့အတွက်လှမ်းသတိပေးလိုက်ရသည်..။

ကုဋေ လူနာ၏အနားသို့ကပ်သွားကာ...

""ဘယ်လိုနေသေးလဲ...နေလို့ကောင်းရဲ့လား''

""လက်ပြင်က လှုပ်လို့မရတာကလွဲရင် အကုန်ကောင်းပါတယ်...''

""အင်း..လက်ပြင်ကလောလောဆယ်တော့ လှုပ်လို့ရမှာမဟုက်ဘူး...တဖြည်းဖြည်းကောင်းသွားမှာပါ..''

လူနာက ကုဋေအားစေ့စေ့ကြည့်ကာ ပြုံးလိုက်ပြီး ...

""ပြန်မကောင်းရင်တောင်...တန်ပါတယ်..''

""ဘာကိုတန်တာလည်း..ငါ့ညီရ''

ကုဋေနားမလည်ဟန်ဖြင့် လူနာအားမေးခွန်းပြန်ထုတ်မိလိုက်သည်...။

လူနာကနောက်တစ်ကြိမ်ထပ်ပြုံးပြန်သည်...။
သူ့အပြုံးတွေက ဘယ်အရာမှ ယှက်သန်းနေခြင်းမရှိ .။

အေးချမ်းသည့်အပြုံးတစ်ပွင့်ပင်.....။

""ကျွန်တော့်လက်ပြင်တစ်ခုနဲ့ကလေးတစ်ယောင်ရဲ့အသက်လဲရတာ တန်တာပေါ့ဆေးရုံအုပ်ကြီးရဲ့...''''

ကုဋေထိုလူကိုနားမလည်နိုင်ပေမယ့် သူ၏စိတ်ကိုတော့အကြိမ်ကြိမ်လေးစားမိသည်ပင်..။

"" သူများအသက်ကို ငါ့ညီဘဝနဲ့ရင်းပြီး ကယ်ပေးတာတော့လေးစားစရာပါ...။
ဒါပေမယ့် ငါညီမိဘတွေလည်း စိတ်ပူနေနိုင်တာမို့ နောက်ဆို ဂရုစိုက်ပါကွာ...''

ကုဋေစိတ်ရင်းအမှန်နဲ့ထိုလူသားကိုဖြောင့်ဖြပေးခြင်းပါ.....။
တခြားစိတ်မျိူးနဲ့ပြောတာမျိူးမဟုက်ပေ..။

"" ကျေးဇူးပါဆရာ...ကျွန်တော်ဘဝမှာပထမဆုံးစိတ်ပူပေးခြင်းခံရတာမို့ ကျွန်တော်ဆင်ခြင်ပါ့မယ်..''

ကျွန်တော့်ယောက်ကျာ်း တစ်ရွာသား(Complete )Where stories live. Discover now