part(1)Zawgyi

8.2K 155 1
                                    

....

  ""ခွပ်ဟ...ခွပ်ထား...ဖေ့သားကြီး..ပွဲကျော်လေး ခွပ်ထားကွ...''

  တဖြန်းဖြန်းခွပ်နေသည့် ကြက်နှစ်ကောင် သဲကြီးမဲကြီးပင်...။

    ""ဒရယ်ကုန်းကကောင်တွေကို
ထမ်းမနိုင်သား သွေးဘယ်လောက်ရဲလဲဆိုတာ
ပြလိုက်ဖေသားကြီး''

ကြက်ဝိုင်းတစ်ခုလုံးတွင် သွန်းလျှန်မိုးခ အသံနှင့်ပြည့်နှက်နေသည်...။
ရွှာနှစ်ရွှာကြားက မြေအလွတ်တွင် နှစ်ဖက်ရွှာသားတွေဆုံပြီး ကြက်တိုက်တာက တစ်ပတ်ကိုတစ်ပွဲအမြဲလိုဖြစ်သည်မဟုက်လား...။
နိုင်သည့်ဘက်က ရှုံးသည့်ဘက်ကို လေတိုက်တာကလည်း ကြမ်းသည်မို့ ရန်ပွဲကလည်းခနခနပင်....။
ကြက်ဝိုင်းမှာရန်မဖြစ်နဲ့ ဖြစ်လိုက်တာနဲ့
သွန်းလျှန်မိုးခတို့က ထိပ်ဆုံးက...။
လူပုံစံလေးက ဖြူဖြူသေးသေးလေးမို့အထင်မသေးလိုက်နှင့် ဆူဆိုသူကဦးအောင်ရိုက်ထားပြီးသား...။
လူကြီးအိမ်ရောက်တဲ့အခေါက်ပေါင်းကလည်း သူ့အသက်ကို10နဲ့မြှောက်ရင်တောင်
ထိပ်တုံးခတ်ခံရသည့်အကြိမ်အရေအတွက်ကိုမှီမည်မဟုက်..။

အခုလည်း သူ့ကြက်ကအသာကခွပ်နေသည်မို့ လေသံက ဆာနေသည်..။
မနေ့ကမှ 5သိန်းကျော်ပေးပြီးဝယ်ထားတဲ့ ကြက်
မို့ ခြေကောင်းနေသည်ကလည်းမဆန်း...။

တစ်ရေပေးပြီးပြန်အချတွင် သူ့ကြက်ပွဲကျော်၏
ခွပ်ပေါက်ခွပ်လမ်းတွေကြောင့်
တဖက်ဒရယ်ကုန်းရွှာမှ ဗျာဝါကအတည်ပင်မခံတော့ ထွက်ပြေးသွားသည်...။
ဒါမျိုးနိုင်လို့ကတော့ သွန်းလျှန်မိုးခတို့လေတိုက်ကောင်းပြီလေ...။

""ဒရယ်ကုန်ကြက်တွေများ သွေးနည်းချက်ကွာ ဒါမျိုးနဲ့ ထမ်းမနိုင်ရွှာက ကြက်ကိုနိုင်ဖို့မစဉ်းစားဟေ့....။ဒီနေတော့ လောင်းကြေးလေးနဲ့ ထန်းရည်သောက်ပြီးအေးဆေးနှပ်တော့မယ်ကွာ...။သတ္တိရှိရင်နောက်တပတ်ကျ တိုက်ကြက်ထပ်ရှာထားလိုက်...။သွေးနည်းတဲ့ကြက်တွေဆိုရင်တော့ မလာနဲ့ကွာ ငါ့သားပွဲကျော်ခြေပျက်တယ်...''

တဖက်က ဒရယ်ကုန်းရွှာသားတွေက မခံချင်ပေမယ့် သူတို့မှာချတိုက်စရာတိုက်ကြက်ကောင်းကောင်းကမရှိတာ​ကြောင့် သွှန်းလျှံမိုးခပြောသည်ကိုသာငြိမ်ခံနေရသည်...။

ကျွန်တော့်ယောက်ကျာ်း တစ်ရွာသား(Complete )Where stories live. Discover now