part(16)U

8.5K 632 21
                                    

  အချိန်တွေက တစ်လပြီးတစ်လကုန်ဆုံးနေသည်မို့ စာမေးပွဲဖြေရန်ပင် နှစ်လခန့်လောက်သာလိုတော့သည်...။

သွှန်းလျှံတို သူငယ်ချင်းတစ်စုစာကိုဖိဖိစီးစီးလုပ်ရန်အတွက် နှိုင်းသွင် ကြပ်မတ်ပေးနေရပါသည်...။

သူတို့အားလုံး၏ မိဘတွေကလည်း နှိုင်းသွင်ဆီ လာအပ်ထားကြသည်မို့ လက်လွှတ်စပယ်လုပ်ရျ်ကမဖြစ်သည်လေ...။

မနက်6နာရီလောက်ထဲက အကုန်လုံး အိမ်ကိုလာကြပြီး တစ်နေကုန် နားလိုက်စာသင်လိုက်နဲ့ ည9နာရီလောက်မှ ပြန်သွားတက်ကြသည့်မို့ သူတို့ပြန်သွားသည့်အချိန်မှ နှိုင်းလည်းနားရသည်ပင်...။

နှိုင်းသွင်ကိုယ်တိုင်လည်း ပင်ပန်းရပေမယ့် ဒီတစ်နှစ်လေးဘဲမို့ငြီး​ငြူမနေတော့...။

သွှန်းလျှံကိုလည်း အပြင်စိတ်တွေမဝင်စေလို
တာကြောင့် ဆယ်တန်းကိုကြိုးစားပြီးဖြေမှ
ပြန်စဥ်းစားပေးမယ့် ပြောထားရသည်...။

ထိုကောင်လေးက အမြဲလိုလို စာကိုစိတ်ဝင်တစားကြိုးစားနေသည်မို့ နှိုင်းသွင်စိတ်အေးနေရသည်...။

ဒီနေ့မနက်လည်း နှိုင်းသွင်မထချင်ပါဘဲ အစောကြီးထရပြန်ပါသည်...။

သူတို့မလာခင် လုပ်စရာရှိတာတွေ လုပ်ကိုင်ထားမှ သူတို့ရောက်တာနဲ့ စာသင်တာစလို့ရမည်လေ...။

သွှန်းလျှံတို့အိမ်က နေတိုင်းသူ့အတွက်ပါ ထမင်းနှင့်ဟင်းပိုထည့်လာပေးသည်မို့ ချက်ရေးပြုပ်ရေးကိစ္စက ပူမနေရပါ...။

မနက်(6)နာရီထိုးတော့ အမြဲလိုလိုအချိန်မှန်ရောက်လာတက်ကြသည့် သွှန်းလျှံတို့တစ်စုက အခုလည်းဆိုင်ကယ်ကိုယ်စီဖြင့်ရောက်ချလာသည်...။

ခြံထဲရောက်တာနဲ့ ဆိုင်ကယ်ရပ်ပြီး အရင်ဆုံးပြေးတက်လာသည်က သွှန်းလျှံပင်...။

အိမ်ပေါ်ရောက်သည်နှင့်အနားကပ်လာကာ သူ့ပါးပြင်ကို ခပ်မြန်မြန်အနမ်းလေးတစ်ပွင့်ပေးပြီး......

""Morning... ဦး''

သူ့သူငယ်ချင်းတွေအိမ်ပေါ်မရောက်ခင်
နှိုင်းသွင် ခပ်မြန်မြန်အနမ်းပေးတက်သည်က နေတိုင်းသွှန်းလျှံလုပ်နေကြအပြူအမှုပင်...။

ကျွန်တော့်ယောက်ကျာ်း တစ်ရွာသား(Complete )Hikayelerin yaşadığı yer. Şimdi keşfedin