part(10)

8.1K 623 21
                                    

ပြသနာတွေဖြစ်ပြီးတဲ့နေကစပြီး မြတ်ကုဋေဟိန်းကို မင်းစဝ်နှိုင်းသွင် ရှာဖွေဖို့ကြိုးစားခဲ့သော်လည်း.....မတွေရပါ...။

ကောင်းဆက်အပြောအရဆို သူနိုင်ငံခြားသို့ရှောင်ထွက်သွားခဲ့သည်တဲ့...။

လုပ်ရပ်လိုက်တာအကိုရယ်...။
ပြသနာတွေနဲ့ပတ်ဝန်းကျင်ရဲ့ကဲ့ရဲ့မှုကို အကိုသာအနားရှိရင် နှိုင်းရင်ဆိုင်နိုင်ခဲ့မှာ...။

အချစ်အတွက်နဲ့ ဘဝတစ်ခုလုံးကို ရင်းနှီးခဲ့
တာတောင် သူ့အတွက်ရလဒ်က နာကျင်မှုသက်သက်တဲ့...။

သူ့အခန်း ပြတင်းလေးကနေ အကို့ဆေးခန်းလေးဆီသို့ ငေးကြည့်နေတက်ခဲ့သည်..။
မတော်တဆ အကိုသာပြန်လာခဲ့ရင်ဆိုတဲ့အတွေးနဲ့ပေါ့...။

သိုပေမယ့်အကိုရောက်မလာခဲ့ပါလေ...။
အချိန်တွေများစွာတည်ဆောက်ထားခဲ့တဲ့...
သံယောဇဉ်လေးက အရောင်တွေသာမပြောင်းခဲ့ရင် အခုလိုနာကျင်နေရမှာမဟုက်ဘူပေါ့...။

အခုတော့အကိုရယ်....ပေးခဲ့တဲ့ကတိတွေကိုမှမထောက်...။အကိုအမေရဲ့ကြိုးဆွဲရာအတိုင်း အလိုက်သင့်ကပြီး ဒီကောင်လေးတော့ဖြစ်ချင်ရာဖြစ်ပေါ့ကွယ်...။
ထာဝရဆိုတဲ့စကားနဲ့ ဒီလူသားကိုသတ်ခဲ့တာများအကိုရယ် သိပ်ရက်စက်တာဘဲ...။

ပြသနာရဲ့အခြေခံက ဒီလူပါဆိုပြီး ကံကြမ္မာကဘဲ မျက်လှည့်ပြခဲ့လေသား....။
ဒါမှမဟုက်အကို့တို့မိသားစုကဘဲရက်စက်တက်တာလား နှိုင်းသွင်မတွေးတက်တော့...။
လူတစ်ယောက်လုံးကို ခေါင်းမဖော်နိုင်အောင် လုပ်ထားခဲ့ရုံနဲ့အားမရ...။
ဒီလူရဲ့ဒေါက်တိုင်တွေကိုပါရိုက်ချိူးခဲ့သည်လေ...။
ဦးငယ်ရဲ့စီးပွားရေးလုပ်ငန်းကလည်း ​ပြသနာတွေဖြစ်ပြီး တစ်လပင်မကြာအရှုံးတွေပေါ်ပြီး လုပ်ငန်းရပ်ဆိုင်းလိုက်ရတဲ့အထိတဲ့...။
ဒီလောက်တောင် တိုက်ဆိုင်နိုင်ပါ့မလား...။
ဘယ်ခြေလှမ်းတွေမှားမိလို့များ အဲ့လောက်ထိလုပ်ရပ်ကြတာလဲကွယ်...။

တူဖြစ်သူရဲ့ကိစ္စတွေရော သူကိုယ်တိုင်ရဲ့ပြသနာတွေကြောင့်ပါ နေ့နေ့ညညအရက်တွေဖိသောက်လာတဲ့ ဦးငယ်ကလည်း လောကကြီးကို ကြာကြာရင်ဆိုင်ဖို့ အားမရှိတော့ဘူးတူပါ့ရဲ့...။
ရောဂါအခံရှိတဲ့ဦးငယ်က အချိန်တွေအများကြီးပင်မစောင့်...။
နှိုင်းသွင်ကိုတစ်ယောက်ထည်း စိတ်ချသွားခဲ့သည်လေ...။

ကျွန်တော့်ယောက်ကျာ်း တစ်ရွာသား(Complete )Where stories live. Discover now