Part(23)U

7.1K 439 6
                                    

အရောင်အသွေးစုံပွင့်လန်းနေသည့်ဂန္ဓမာပန်းခင်းကြီးက ကျယ်ပြောမှုကမျက်စိတစ်ဆုံး နေရာမလပ်အောင် ပေါက်ရောက်ရှင်သန်နေကြသည်..။

ဖြူနီပြာရောင်စုံလိပ်ပြာလေးတွေကလည်း ဟိုဒီပျံသန်းနေပြီး တစ်ခါတစ်လေ...နှိုင်းသွင်မျက်နှာနားအထိပင် လာရောက်ဝဲပျံနေတက်ကြ၏..။

မင်းစဝ်နှိုင်းသွင်ကိုယ်တိုင်လည်း ဘယ်နေရာသို့ရောက်လို့ရောက်နေမှန်း အတပ်မသိပါ...။

သက်ရှိဟူရျ်ရောင်စုံပန်းခင်းကြီးနှင့် လိပ်ပြာရောင်စုံလေးတွေမှလွဲရျ်တခြားဘာမှရှိမနေပေ..။

ဟိုဒီလိုက်ကြည့်ရင်း ပဲတင်ထပ်လာသည့် ခေါ်သံတစ်ခုကြောင့် ထိုအသံရှိရာနောက်သို့ အပြေးလိုက်လာခဲ့မိသည်ပင်..။

အချိန်အတော်ကြာပြေးလွားခဲ့ပြီး အတော်မောဟိုက်လာမှ အရှေ့တည့်တည့်ရှိ သစ်ပင်ကြီးအောက်သို့ အကြည့်ရောက်မိသွားတော့သည်..။

ရိုးတံကျဲကျဲဖြစ်နေသည့်ပင်အိုကြီးအောက်တွင် သူ့အားနောက်ကျောပေးကာ ရပ်နေသည့် ကောင်လေးတစ်ယောက်ရှိနေသည်..။

ဘယ်သူဘယ်ဝါရယ် အတက်မသိရပေမယ့် ထိုကောင်လေးအား ရင်းနှီးနေသည်ဟု မသိစိတ်မှ လှုံဆော်နေတာကြောင့် အပင်အိုကြီး ရှိရာသို့ တလှမ်းချင်းလှမ်းလျှောက်နေမိသည်..။

တဖြည်းဖြည်း နီးကပ်လာတာနဲ့အမျှ ခေါင်းထဲအစီအရီပေါ်လာသည့် ပုံရိပ်တွေကြောင့် နှိုင်းသွင် ၏ခြေလှမ်းတွေက မပြေးရုံတမယ်မြန်ဆန်လာခဲ့၏..။

ထိုလူသားလေးက သူ၏ချစ်ရသူ... ။
သွှန်းလျှံမိုးခဆိုသည့် ကောင်လေးက လွှဲရျ် တခြားမဖြစ်နိုင်တော့...။

ခြေလှမ်းတွေဘယ်လိုမြန်အောင်လှမ်းနေလှမ်းနေ ထိုလူသားလေးရှိသည့် သစ်ပင်အိုကြီးက နှိုင်းသွင်နှင့်နီးစပ်မလာဘဲ ပိုမိုကွာဝေးရျ်သာလာနေသည်....။
ထိုနေရာသို့ရောက်ဖို့ နှိုင်းသွင်ပြေးလိုက်နေမိပြန်သည်....။

သိုသော် ထိုကောင်လေးရပ်နေသည့် သစ်ပင်အိုကြီးက တဖြည်းဖြည်း နှိုင်းသွင်နှင့်ဝေးသထက်ဝေးလာခဲ့ပြီး......မြင်ကွင်းထဲမှလုံးဝပျောက်ကွယ်သွားတော့၏...။

ကျွန်တော့်ယောက်ကျာ်း တစ်ရွာသား(Complete )Where stories live. Discover now