part(13)u

7.6K 582 10
                                    

  မြတ်ကုဋေဟိန်း အဖြစ်အပျက်တွေအားလုံးရဲ့အကြောင်းအစုံအမှန်ကို နှိုင်းငယ်အား အကုန်ဖွင့်ပြောပြရန်စကား စလိုက်သည်...။

""ဒီကိစ္စတွေမတိုင်မိ အကိုအိမ်ပြန်သွားတာကိုနှိုင်းငယ်မှတ်မိတယ်တယ်မှတ်လား''

နှိုင်းသွင် မြတ်ကုဋေဟိန်း အမေးကို ခေါင်းသာညိတ်ပြလိုက်သည်...။

""အဲ့နေကအိမ်ပြန်သွားပြီး နှိုင်းငယ်ကိုလက်ထက်ယူမယ့်အကြောင်းအမေကို ဖွင့်ပြောလိုက်တယ်လေ...။
အမေကသိတဲ့အတိုင်းခါးခါးသီးသီးပေါ့ကွာ...။ ကိုယ်တို့နှစ်ယောက်ကိုဘယ်လိုနည်းနဲ့ဖြစ်ဖြစ်သူမရရအောင်ခွဲမယ်လို့ပြောတယ်...။
ပထမဆုံး အကိုနှိုင်းငယ်ကို လက်ထက်ရင် သားသမီးအဖြစ်ကနေ စွန့်လွှတ်မယ်လို့ ပြောလာတယ်...။
ဒါလည်းကိုယ်မကြောက်ခဲ့ဘူး...နှိုင်းငယ်နဲ့အတူတူရှိရရင် ကိုယ့်အတွက်အဆင်ပြေတယ်ဆိုတဲ့စိတ်နဲ့ အိမ်ကနေထွက်ဖို့ပြင်ခဲ့တယ်..။
အမေက ပြောလို့မရမှန်းသိတော့
အဲ့နောက်ပိုင်း နှိုင်းငယ်ကိုပါ ထိခိုက်အောင်လုပ်မယ်ဆိုပြီး ချိန်းခြောက်လာတယ်...။
ကိုယ်အတွက်ကဘာအခက်ခဲတွေဘဲရင်ဆိုင်ရရင်ဆိုင်ရ နှိုင်းငယ်ကိုတော့ မထိခိုက်စေချင်ဘူးလေ...။
အမေရဲ့အရှိန်အဝါကို ကိုယ်သိတယ်...။
နှိုင်းငယ်ကို လွင့်ထွက်သွားအောင်လုပ်ဖို့ အမေအနေနဲ့ဆို မခက်ခဲဘူးမဟုက်လား..။
ဒါကြောင့် ကိုယ်ပညာသင်သွားဖို့သဘောတူလိုက်ရတယ်...။
နှိုင်းငယ်နဲ့လည်းအဆက်သွယ်ဖြတ်ပါ့မယ်ဆိုပြီးကတိလည်းပေးခဲ့ရတာပေါ့...။
အဲ့နောက်ပိုင်း ကိုယ်အမေ့ကို ဆေးခန်းလေးမှာ ယူစရာတွေကျန်နေသေးလို့သွားယူပါရစေဆိုပြီး
ဆေးခန်းလေးဆီပြန်လာခဲ့သေးတယ်...။
ဆေးခန်းလေးရဲ့ ကိုယ်တို့အမှတ်တရပစ္စည်းတွေသိမ်းထားတဲ့နေရာမှာ နှိုင်းငယ်အတွက်
စာတစ်စောင်နဲ့ကိုယ်တို့ဘဝအတွက် စုဆောင်းထားတဲ့ ဘဏ်စာအုပ်ရော အဲ့သေတ္တာလေးထဲမှာထားခဲ့တာ...။
ကိုယ့်ကိုရှာမတွေရင်နှိုင်းငယ် ဆေးခန်းလေးဆီတော့လာမှာဘဲဆိုတဲ့အတွေးနဲ့ပေါ့...။
ဟိုကနေ နှိုင်းငယ်အကြောင်းစုံစမ်းကြည့်တော့ ဘယ်လိုမှစုံစမ်းလို့မရခဲ့ဘူး...။
ကိုယ့်အသိတွေကလည်းအမေကိုမလွန်ဆန်နိုင်တော့ အမှန်အတိုင်းမသိခဲ့ရတာလည်းပါတာပေါ့...။

ကျွန်တော့်ယောက်ကျာ်း တစ်ရွာသား(Complete )Where stories live. Discover now