part(8)U

8.6K 669 41
                                    

  စိိုက်ပျိူးရေးခြံကနေပြန်ရောက်တော့ နေပင်အတော်မြင့်နေပြီမို့  အလောတကြီးရေချိူးထမင်းစားလိုက်ရသည်...။ဗိုက်ကအတော်ဆာနေပြီမို့ မစားလို့လည်းမရတော့ပေ...။ မင်းစဝ်နှိုင်သွင်အတွက်ကတော့ သွှန်းလျှံမိုးခ ရှိနေသည်မို့အတော်ကျနေသည်ပင်...။ထမင်းခူးတာကအစ ပန်းကန်ဆေးတာအဆုံး သူဘဲလုပ်ပေးသည်မို့အပျင်းထူသည့်သူ့အတွက် အေးဆေးဖြစ်နေသည်..။

ထမင်းစားသောက်ပြီးမှ
အိမ်ရှေ့လက်ဖက်ရည်ခုံတွင် မင်းစဝ်နှိုင်းသွင် ဝင်ထိုင်လိုက်သည်နှင့် ကောင်လေးက လည်းသူ့အနားလာထိုင်သည်ပင်...။
မင်းစဝ်နှိုင်သွင် မကြာခင်က သူ့ကိုရည်းစားစကားပြောထားသည့်ကောင်လေးကို  မျက်နှာပူနေရပေ့မယ့် ထိုကောင်လေးကတော့ ပြုံးပြုံလေးသာ...။
သွန်းလျှံမိုးခ သွားဖြီးလေးနှင့်မင်းစဝ်နှိုင်းသွင်အနာကပ်လာပြီး.....

""ဦး...သားကိုအဖြေပြန်ပေးတော့လေ...''

မင်းစဝ်နှိုင်းသွင်ပင်ကြောင်သွားရသည်...။
ခုနကတင်ရည်စားစကားပြောတယ်... ။
အခုအဖြေလာတောင်းနေတယ်...။
တကယ်မမြန်လွန်းဘူးလားမသိ...။

""ဟ...မင်းဟာကမလွန်လွန်းဘူးလား...
ခုနကပြောတော့စောင့်မယ်ဆို''

""သားဦးကို ဆောင့်ချင်ပါတယ်...''

""ဘာကွ....စကားကိုဘယ်လိုပြော''

""အသံနည်းနည်းမြင့်သွားလို့...ဟီး
အဲ့ကိစ္စနဲ့ပက်သက်ပြီး..သားကိုအဖြေပေးလိုက်တော့''

ဟမ့်...ဘာမှလည်းမဆိုင်...။

""ဘာမှလည်းမဆိုင်ဘူး...''

""အင်းလေ...မဆိုင်လို့ ဆိုင်အောင်အဖြေတောင်းနေတာပေါ့ဦးရဲ့...အာ့တာကြာင့်အဖြေပေးတော့လို့ပြောနေတာ''

ဘယ်စကားဘဲပြောပြော ဒီဘူတာဘဲဆိုက်နေသည်မို့ စိတ်ကမရှည်ချင်တော့ပါ..။
တကယ့်ခွေးကောင်လေးကို သာသာနှင့်နာနာပြောထားမှရမည်ပင်....။
ချက်ခြင်းတော့ အဖြေပြန်မပေးနိုင်ပေ..။

""မင်းကိုပြောထားပြီးသား...စောင့်နိုင်ရင်စောင့်မစောင့်နိုင်ရင်...ဂျောင်း...''

""ဦးကလည်းခေတ်ကြီးက မြန်မြန်ဆန်ဆန်ဘဲကောင်းတယ်..ကြာရင်နာတယ်..''

ကျွန်တော့်ယောက်ကျာ်း တစ်ရွာသား(Complete )Where stories live. Discover now