part(7)U

8.6K 759 10
                                    

    ""ဦးရေ.....ထတော့...ထတော့လို့''

မိုးပင်မလင်းသေ..။
လူကိုအတင်းလာနိုးနေသည့်ကောင်လေးကြောင့် မင်းစဝ်နှိုင်သွင် ထိုကောင်လေးအား ဘာလည်းဆိုသည့်အကြည့်နှင့်ကြည့်ကာ...

""ဘာဖြစ်လာတာလည်း...အလန့်တကြားနဲ့...
မိုးမလင်းသေးဘူး''

""ဘာမှဖြစ်ဘူး....သားအိပ်မပျော်တော့လို့လာနိိူးတာ...''

ပြောသည့်ပုံစံကိုကြည့်ပါ....ဘယ်လောက်ဒေါသထွက်ဖို့ကောင်းလိုက်လဲ...။
သူဆက်အိပ်မရတာနဲ့ဘဲ ကိုယ်ကို့လာ နိူးသည်တဲ့။
ပြောပြန်ရင်လည်း နှိုင်းသွင်လွန်ရာကျဦးမည်..။
မျက်လုံးနှစ်လုံးပွင့်တာနဲ့ဒေါသကစထွက်ရပြီ...။

""မင်းဘာသာအစောကြီးနိုးနေတာလေ...
အဲ့တာငါ့နဲ့ဘာဆိုင်လို့လာနိူးရတာလဲ...မင်းကလေ လူဆိုရင်ရိုက်ပေါက်ဘဲ''

""ဦးကသားကိုခွေးလို့ပြောချင်တာလား''

""ကိုယ့်ကိုကိုယ်သိရင်ပြီးရော''

သာသာနင့်နာနာပြောလိုက်ပြီး တဖက်လှည့်ကာ ပြန်အိပ်ဖို့ပြင်နေသည့် မင်းစဝ်နှိုင်းသွင်၏ လက်မောင်းအား သွှန်းလျှံမိုးခ ကိုက်ဆွဲလိုက်သည်....။

""ဟေ့ကောင်...ဘာလုပ်တာလည်း''

""ဦးဘဲသားကိုခွေးဆို...အဲ့တော့ကိုက်တာပေါ့''

ဆက်အိပ်လို့မရမဲ့အတူတူ သေနာကောင်ကိုအမြစ်လိုက်ဖြုတ်ရမည်...။
နှိုင်းစဝ်မင်းသွင် အိပ်နေရာမှကြုံးထလိုက်ပြီး....သူ့လက်မောင်းကိုကိုက်ဆွဲနေသည့်ကောင်လေး၏ အဓိကနေရာအား ခြေထောက်နှင့် မပျော့မပြင်းဆောင့်ကန်ချလိုက်သည်..။

"""အား....''

သူ့အောက်ကပစ္စည်းကိုကိုင်ကာ မျက်နှာရှုံမဲ့နေသည့်ကောင်လေးအား...

""ကဲ....ငါပြောပါတယ်... ငါ့ကိုလာမစပါနဲ့ဆို...အခုတော့ ချောက်မှန်းကမ်းမှန်းသိပြီလား''

""ဟင့်...ဦးရက်စက်တယ်...သားညီလေးအခုတော့နာသွားပြီ...ဟင့်ဟင့်''

သူ့မျက်နှာကအပိုတွေလုပ်မှန်းသိသာလွန်းနေသည်...။ မင်းစဝ်နှိုင်းသွင်ကန်လိုက်တာက အသာလေးမဟုက်လား။

ကျွန်တော့်ယောက်ကျာ်း တစ်ရွာသား(Complete )Where stories live. Discover now