Part(20)U

7.3K 477 2
                                    

   မြတ်ကုဋေဟိန်းတို့၏ကြိုးစားမှုဖြင့် လူနာက အသက်အန္တရာယ်မှလွဎ်မြောက်လာပြီး စိတ်ချရသည့်အခြေအနေသို့ရောက်ရှိသွားပြီမို့ အာလုံးစိတ်အေးသွားကြရသည်...။

လူနာသတိရလာမည့်အချိန်ကိုစောင့်ဆိုင်းရန်သာကျန်တော့သည်မို့...မြတ်ကုဋေဟိန်းလူနာ၏အကြောင်းကို သေချာသိချင်တာကြောင့် လူနာလာစောင့်နေသည့် ကောင်လေးအား မေးမြန်းကြည့်မိသည်...။

""ဘယ်လိုဖြစ်လို့ သူက အဲ့လောက်ဆိုးဆိုးဝါးဝါးထိခိုက်လာရတာလည်း..''

လူနာစောင့်ကောင်လေးက ကုတင်ပေါ်ကသတိမရသေးသည့်သူအားတစ်ချက်ကြည့်ကာ...

"" ကိုကြီးနေမခက တအားစိတ်သဘောထားကောင်းတဲ့လူဆရာရဲ့...။
ဒီမနက် ရွာသစ်မှာ အိမ်မီးလောင်တော့ ကျွန်တော်တို့မီးသတ်တွေ​မီးငြိမ်းပေးဖို့ရောက်သွားတော့ ​မီးကတော်တော်လောင်နေပြီ...။
အိမ်ထဲမှာခလေးမလေးတစ်ယောက်ကျန်နေခဲ့တယ်ဆိုလို့ မီးတောထဲကို ကိုကြီးနေ ကယ်ဖို့ဝင်သွားတာ...။
ခလေးမလေးကို သူ့ခန္တာကိုယ်နဲ့ ကွယ်ပြီးသယ်လာခဲတယ်လေ။
မီးစွဲနေတဲ့သစ်သားတန်းပြုတ်ကျတော့ ကလေးမလေးကိုကာကွယ်ရင်း..သူကိုယ်တိုင်က အခုမြင်တဲ့အတိုင်းဖြစ်လာတာပေါ့...။
ဒါတောင် တော်တော်သတ္တိကောင်းတဲ့အကိုက
ခလေးမလေးကိုရအောင် ကယ်ထုတ်လာပြီး အပြင်ရောက်မှမေ့လဲသွားခဲ့တာ...။

ကုဋေနားထောင်ရင်း ထိုလူသား၏စိတ်ဓာတ်ကိုတော့ ချီးကျူးမိတာအမှန်ပင်....။

တော်ရုံလူက ဒီလိုစွန့်စားဖို့လွယ်ကူမည်​မဟုက်ပေ..။

ကုဋေရောက်နေသည့် ဒီရွှာနဲ့အနီးနားတစ်ဝိုက်က မီးသတ်စခန်းမရှိသေးတာမို့ မြို့နယ်ကမီးသတ်ကားတွေမလာခင် ရပ်ကွက်ကသာမီးမကြီးအောင်ငြိမ်းသတ်ထားရသည်..။
မြို့နယ်မီးသတ်စခန်းကနေဆိုသူတို့ဆီရောက်ဖို့
အနည်းဆုံးတစ်နာရီလောက် ကားမောင်းရသည်ပင်..။
ထိုကြောင့်မီးရေးထင်းရေးဆို ရွှာကနေ အဆင်ပြေသလို လုပ်ဆောင်ရတာမို့ မီးလောင်တဲ့အခါ အဆုံးအရှုံးအလွန်းများလှသည်..။

ကုတင်ပေါ်ကလူနာကိုကြည့်ပြီး ကုဋေခေါင်းရမ်းမိ့ပါသည်..။

ထိုလူက အသက်အန္တရာမစိုးရိပ်ရဘူးဆိုပေမယ့် ပြန်ကောင်းလာသည့်တိုင် သူ့ညာဘက်လက်ပြင်တစ်ခုလုံးက ဆိုးဆိုးဝါးဝါးထိခိုက်ထားတာမို့တော်တော်နဲ့လှုပ်ရှားနိုင်မည်မဟုက်တာသေချာသလောက်ပင်...။

ကျွန်တော့်ယောက်ကျာ်း တစ်ရွာသား(Complete )Where stories live. Discover now