part(3)U

12K 797 14
                                    

လင်းကြက်တို့၏တွန်သံနှင့်အတူ မနက်ခင်းအလင်းရောင်က အခန်းငယ်လေးဆီသို့ တိုးဝင်လာခဲ့သည်...။

မျက်နာပေါ်ထိုးကျလာသည့် နေရောင်နွေးနွေးလေးနှင့်အတူမင်းစဝ်နှိုင်းသွင် အိပ်ယာမှနိုးထလာသည်..။

သူနိုးသည်နှင်အရင်ဆုံးသတိရတာက ဟိုငမြွေထိုးကိုပင်...။

အခုထိအိပ်ယာထပုံမရသေး...။

အိပ်ယာသိမ်းစောင်ခေါက်ထားလိုက်ပြီး
အရင်ဆုံးနောက်ဖေးရေအိုးဆီသွားကာမျက်နှာသစ်သွားတိုက်လိုက်သည်..။

ထိုနောက်...အိမ်ရှေ့တွင်အိပ်နေဆီအကောင်ကိုသွားနိုးရပေမည်.....။

နှစ်ခြိုက်စွာအိပ်နေသည့်ကောင်လေးက
သူ့အိမ်သူယာလိုများသဘောထားနေလားမသိ.....။
ခြေပစ်လက်ပစ်ပင် အိပ်နေသေးသည်.။

မင်းစဝ်နှိုင်းသွင် ထိုကောင်လေးနားသွားကာ...

""ဟေ့...ထတော့ အချိန်မနည်းတော့ဘူး...''

သူနိူးတာကို ထိုကောင်လေးကလှုပ်ပင်မလုပ် အိပ်မြဲတိုင်းအိပ်နေဆဲပင်...။

မင်းစဝ်နှိုင်းသွင် ထိုကောင်လေးအသားကို လှုပ်နိူးရန်ကြိုးစားလိုက်သည်...။

""ဟေ့.... ကောင်...ထတော့လိုပြောနေတယ်လေ...အချိန်မနည်းတော့ဘူးပြန်တော့''

ထိုကောင်လေးက မနိူးတဲ့အပြင် တဖက်ပင်လှည့်အိပ်သွားသေးသည်..။

ဒီလောက်နိုးတာလည်းမရ...။

တကယ့်အအိပ်ကြီးလွန်းတဲ့ကောင်ပါလား....။

ကျိကုန်းကိုယ်တော်နဲ့များအမျိူးတော်နေလားမသိ.....။

စောစောစီးစီးဒေါသမထွက်ချင်ပါဘူးဆိုမှ
ထိုကောင်ကြောင့် ဒေါသကထွက်ရပြန်ပြီ...။

ဒီလောက်နိုးမရတဲ့ကောင် မင်းနဲ့ငါနဲ့တွေ့ကျသေးတာပေါ့ဟုတွေးလိုက်ပြီး.....မီးမွေးရန်ထားသည့် စက္ကူတစ်စကိုယူကာ ထိုကောင်​ခြေထောက်ကြားထဲညှပ်လိုက်ပြီး မီးရှို့ပေးလိုက်သည်...။.

ထိုအခါမှအလန့်တကြားနှင့်ထလာကာ...

""အားး.....သား..ခြေမ....မီး...မီးလောင်နေတယ်..''

ကျွန်တော့်ယောက်ကျာ်း တစ်ရွာသား(Complete )Onde histórias criam vida. Descubra agora