part(24)U

7K 424 7
                                    

ဆေးရုံဆင်းရမည့်နေမို့ တက်ကြွနေသည့် သွှန်းလျှံမိုးခအား အဖေဖြစ်သူ ကိုသော်က မနိုင်ဘူးဟုသည့်အကြည့်ဖြစ်ကြည့်နေလိုက်ရသည်..။

ဆေးရုံမဆင်းခင် တစ်ပက်အကြိုထဲက မင်္ဂလာကိစ္စကိုစီစဥ်ပေးထားပါဆို၍ သားဖြစ်သူအလိုကျ စီစဥ်းပေးထားရသည်..။

အခုလည်း ဆေးရုံက ပစ္စည်းတွေသိမ်းတော့လည်း သူ့ရဲ့ဦးကိုအပ်တိုတစ်ချောင်းပင်မသယ်ခိုင်း..။

သူ၏ပြောမနာဆိုမနာသူငယ်ချင်းတွေနှင့် ဦးလေးဖြစ်သူ လင်လင်အတွဲကသာ အကုန်သယ်ပေးနေရသည်..။
ထိုအထဲတွင်သော်ကပါမနေရ...ဝု်င်းကူ​းေ​ရေသည်။

ဆေးရုံကဆင်းသည့်နေမှာ နှိုင်းသွင်းကို တစ်ခါထဲလူကြီးစုံရာနှင့်တောင်းရမ်းယူမှာဖြစ်တာ
ကြောင့် သော်ကတို့ ခေါင်းပူအောင်စီစဥ်နေရပေမယ့် သွန်းလျှံကတော့ အေးအေးဆေးဆေးပင်..။

သူရဲ့ဦးအနားကပ်လိုက် ဖက်လိုက်နမ်းလိုက်နှင့်သာယာနေသည့် သားဖြစ်သူအား သော်ကအပြစ်တော့မဆိုလိုပါ..။
သူကိုယ်တိုင်းလည်း သားတို့အမေနဲ့တွေတုန်းက ဒီလိုဘဲ သာယာခဲ့သည်မဟုက်လား..။

""ဦး..မောနေပြီလား..သားအအေးဝယ်လာတယ် သောက်ထားနော်..''

""ရပါတယ်သွှန်းလျှံရဲ့.. အဖေကိုတိုက်လိုက်ပါ..''

""ဟာ...ပါးက အအေးမသောက်ဘူးတဲ့ဦးရဲ့..'''

သော်က လည်းထိုသို့မပြောခဲ့မိပါ..။

သော်က သားဖြစ်သူကိုမကြည်ကြည့်ဖြင့်ကြည့်မိတော့သည်..။
ပစ္စည်းတွေအကုန်လိုက်သိမ်းနေရတာက သော်ကတို့ပါ...။
ဘယ်နှယ့်သူဦးကမောနေရမှာလည်း..။
အဲ့လိုမွေးရကျိူးနပ်တဲ့သားလေးပါဘဲ..။

""မင်းအဖေ..ငါမောဖို့လည်းထားပါအုန်း သွန်းလျှံရယ်..''

""အဖေမောရင် အမေရှိတယ်လေ..ဦးမောတဲ့အခါကျ သားရှိမှဖြစ်မှာပေါ့..'''

""အေးလုပ်ပေါ့...မင်္ဂလာဆောင်ကြ တင်တောင်းငွေကတော့ ငါ့သဘောမို့ ...မင်းဂရုမစိုက်လည်းနေပေါ့..''

""အာ့...အဖေနည်းလို့ကတော့ စပါးကျီပါဖောက်ပစ်မှာနော်...''

""ဟေ့ကောင်..အခုထဲကအတက်ကောင်းနေ...မင်းတို့မင်္ဂလာဆောင်ပြီးရင် ငါ့စပါးကျီကို သံမဏီပြားနဲ့ ဆောက်ထားမှဖြစ်မယ်..''

ကျွန်တော့်ယောက်ကျာ်း တစ်ရွာသား(Complete )Where stories live. Discover now