Part(25)U

7.4K 446 4
                                    

      မင်္ဂလာပွဲက နီးကပ်နေသည်မို့ သွန်းလျှံတို့ အုပ်စု ဒေါင်ချာဆိုင်းနေရသည်..။

ညကတည်းက ရေးထားသည့် ဖိတ်စာတွေအား သူငယ်ချင်းတစ်စုနှင့် သွားဖိတ်ရမည့် ရွာတွေအလိုက်ခွဲတမ်းချနေရသည်..။

သွှန်းလျှံ လက်ထဲကဖိတ်စာနှစ်အုပ်ကို ဝေယံဆီကမ်းပေးလိုက်ရင်း.....

""မင်းတို့နှစ်ယောက်က... ထမ်းမနိုင်နဲ့ရွာသစ်ကိုတာဝန်ယူလိုက်နော်..''

""ဟုက်ပြီ..ဒါဆိုငါတို့သွားနှင့်မယ်နော်...''

စည်သူအား ဆေးလိပ်ဘူးနှင့်ပစ္စည်းငှားမည့် စာရင်ပေးလိုက်ပြီး....။

""စည်သူနဲ့နန္ဒက ကာလသားပစ္စည်းငှားတဲ့ဆီလိုက်သွားလိုက်ကွာသိလား..။

ဆေးလိပ်ဘူးပါပေးထားခဲ့လိုက်ကွာ..။

ရေနွေးတိုက်ဖို့ ကာလသားတွေပါတစ်ခါထည်းဖိတ်ခိုင်းရအောင်....။

ရွာထဲကတော့ ငါနဲ့ဦးဘဲလိုက်ဖိတ်လိုက်တော့မယ်...''

ကာလသားပစ္စည်းဆိုလို တစ်မျိူးထင်မနေပါနဲ့..။
ရွာမှာက မင်္ဂလာပွဲ အလှူပွဲဆိုရင် ရေနွေးအိုး/ ရေနွေးပန်းကန်/ဖျာ စတာတွေကို ကာလသားခေါင်းတွေက ထိန်းသိမ်းထားရပြီး ပွဲတစ်ခုခုလုပ်ရင် သူတို့မှာ လိုချင်တဲ့စာရင်းအတိအကျနှင့်သွားငှားရပြီး မင်္ဂဆောင်မှာ လာတဲ့ဧည်သည်တွေကို လက်ဖက် ကွမ်း ရေနွေးစတာတွေပြင်ဆင်ပေးဖို့ပါတစ်ခါထဲဖိတ်ရပါသည်..။

လက်ဖက်ပန်းကန် ဇွန်း လက်သုတ်ဝတ် စတာတွေက အပျိူတွေကိုင်တာဖြစ်ပြီး မင်္ဂလာဆောင်အတွက် ကူညီရန်ပါ တစ်ခါထဲဖိတ်ရတာမျိူးပင်..။

ကာလသားခေါင်းတွေကနေတဆင့်ရွာရှိအပျိူ
လူပျိူတွေကို ပြန်ဖိတ်ပေးတာပင်...။

""အေး..ဒါဆိုငါတို့သွားတော့မယ်နော်..''

""မင်းတို့ကို ကာလသားပစ္စည်သွားငှားခိုင်းတာနော်...အတွဲခုတ်ခိုင်းတာမဟုက်ဘူး... ကြာမနေနဲ့..''

""မင်းတို့သာအရေးကြီးတယ်...'''

သူငယ်ချင်း​ဖြစ်သူတွေဆိုင်ကယ်မောင်းထွက်သွားမှ ကွပ်ပျစ်တွင်ထိုင်ကာပစ္စည်းစာရင်းရေးနေသည့် ဦးဘက်သို့သွန်းလျှံလှည့်လိုက်ပြီး...

ကျွန်တော့်ယောက်ကျာ်း တစ်ရွာသား(Complete )Where stories live. Discover now