part(12)U

8.2K 654 10
                                    

အိမ်ပြန်ရောက်တော့ နှစ်ယောက်လုံးကြွက်စုတ်ရေနစ်ပင်...။
မိုးကသိပ်မများပေမယ့် တလမ်းလုံးဆိုတော့ ရွှဲနစ်သွားရသည်ကမဆန်း...။
ဆေးရုံကနေ အိမ်ကိုတန်းမပြန်ဘဲ လမ်းသင့်တာကြောင့် လယ်ထဲပါတစ်ခါထည်းဝင်ကြည့်နေခြင်းကြောင့် အိမ်ကိုတော်တော်နေစောင်းမှပြန်ရောက်သည်ပင်....။
ပြန်ရောက်တယ်ဆို နှစ်ယောက်လုံးရေချိူးရန်ပြင်ကြရသည်...။မဟုက်ရင်ဖျားမည်လေ...။

ရေမိိုးချိူးပြီးသည်နှင့် အဝတ်အစားလဲကာ
သွှန်းလျှံကိုစာကူလုပ်ပေးရန်အတွက်နှိုင်းသွင်
စာကြည့်စားပွဲတွင် ဝင်ထိုင်လိုက်သည်...။
ကိုယ်တော်ချောကအခုထိ ပြင်လို့ဆင်လို့မပြီးသေး...။

""သွန်းလျှံရေ... စာလုပ်မယ်လာတော့..အချိန်ကိုပြန်ကြည့်....''

""ဦးကလည်း...တစ်နေ့တစ်လေလေး အနားပေးတာမဟုက်ဘူး''

စာလုပ်ခါနီးဆို အဲ့လို့အကြောင်ပြချက်တွေက နေစဥ်နဲအမျှရိုးမသွား...။
နှုတ်ခမ်းထော်ကာ ပြောနေသည့်ကောင်လေးကို ခေါင်းခေါက်လိုက်ပြီး....

""စာမေးပွဲကဖြင့်ဖင်ထဲဝင်တော့မယ်....အခုထိစာကိုကောင်းကောင်းမလုပ်သေးဘူး''

""ဖင်ထည်းဝင်ရင် ညှပ်နဲ့ဆွဲထုတ်ပစ်လိုက်မယ်..''

ပြောင်စပ်စပ်လုပ်နေသည့်ကောင်ကို အနားက
ဂျယ်လီပေတံနှင့်ခုံကိုရိုက်လိုက်ရင်း ....

""လာလာ ငါနှိုက်ထုပ်ပေးမယ်..ခွေးကောင်''

""ဟွန့်....ဦးနော်သူများသားသမီးကို
ဘာတွေမဟုက်တာလုပ်ဖို့ကြံနေလဲပြော...ပြော''

""အေးအေး...လက်ဝါးကောင်းလို့ ပေတံတောင်းနေတာ ဟလား''

""ဦးကလည်း...သားကစတာကို..''

""မျက်နှာလာပြောင်မနေနဲ့...ဒီနှစ်ဆယ်တန်းကျလို့ကတော့... မင်းငါ့အိမ်အရိပ်တောင်မနင်းရဘူးမှတ်''

သွန်းလျှံ ထိုအရာကိုတော်ကြောက်ပါသည်...။
ဦးကပြောတဲ့အတိုင်းလုပ်မှာသေချာသည်ပင်..။

""တော်ပြီ...စာလုပ်တော့မယ်...ဦးအိမ်အရိပ်တော့နင်းချင်သေးတယ်''

""ပြီးရော.....ဒါဆိုစာလာလုပ်တော့...''

""ဟွန်း...ဆယ်တန်းအောင်မှ ပါးနဲ့မားကို လာတောင်းခိုင်ပြီး...ဦးကိုအပိုင်သိမ်းပြမယ်...'''

ကျွန်တော့်ယောက်ကျာ်း တစ်ရွာသား(Complete )Where stories live. Discover now