part(14)u

8.1K 575 37
                                    

  ""မင်းတို့ဘဲစဥ်းစာကြည့်ကွာ....ငါလေ..ဦးကို ဟောဒီလောက်ကြီးချစ်တာကိုကွာ... ဦးက သူ့အဆက်ဟောင်းနဲ့ပြန်ဆက်ဖို့ကြိုးစာနေတယ်ကွာ...အဲ့တာဖြစ်သင့်ရဲ့လား..ဖြစ်သင့်ရဲ့လားကွာ..'''

လက်ဟန်အမူအရာနှင့်ပြောနေသည့် သွန်းလျှံကို့ကြည့်ပြီး ကျန်တဲ့သူငယ်ချင်းလေးယောက်က ခေါင်းတွေကုပ်နေမိသည်...။
သွှန်းလျှံ၏ ထပ်တလဲလဲပြောနေသည့်စကားများကို နားမထောင်ချင်လည်း ထိုင်နားထောင်နေရသည်လေ...။
အရင်က အတူတူဆိုးဖော်ဆိုးဖက်တွေဆိုပေမယ့် လိမ္မာသွားသည့် သွှန်းလျှံကြောင့် အရင်လို့ခနခနမဆုံဖြစ်တော့တာပါ...။
ဒီနေ့တော့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာသည့်သွန်းလျှံက ထန်းရည်ဆိုင်သွားရအောင်ဆိုပြီးလာခေါ်တာကြောင့် လိုက်လာမိတဲ့သူတို့အမှားဘဲပြောရမလားမသိ...။
ထန်းရည်အိုးချပြီးထဲကတစ်ခွက်သောက်လိုက် သူ့ရဲ့..ဦးအကြောင်းပြောလိုက်နှင့် အခုထိမပြီးဆုံးနိုင်သေးတာပင်...။

""မင်းဟာက ဟုက်ရောဟုက်လို့လားကွာ မင်းများအထင်လွှဲတာလား...''

"" နိုးနိုး...ငါ..အထင်လွှဲတာမဟုက်ဘူး....ဦးကသူ့အရင်ရည်းစားဆိုသူနဲ့ကွာ...ဟောဒီလိုမျက်ရည်လေးသုတ်ပေးတာခံလိုက်...ဟောဒီလိုပုခုံးလေးအဖက်ခံလိုက်နဲ့ကွာ...ငါမျက်လုံးနဲ့တပ်အပ်မြင်ခဲ့တာမှားမလားကွ....ဝေယံရ''

သွန်းလျှံအနားတွင်ရှိနေသည့် ဝေယံ ဖင်တွေပင်ကြိမ်းလှသည်...။
ထိုကောင်လုပ်နေသည့်ပုံကိုလည်းကြည့်လေ...။ ပါးစပ်ကပြောရင်ရရဲ့သားနဲ့ ဝေယံမျက်နှာကိုတွေကိုင်လိုက် ပုခုံးတွေဖက်လိုက်နဲ့မို့ ထိုအနားကနေထပြေးချင်စိတ်ပင်ပေါက်လာသည်...။

""ဒါဆိုမင်းဘယ်လိုလုပ်မယ်စိတ်ကူးထားလည်း''

""ငါဦးကိုမရရအောင်ပြန်ယူမှာ.......။
ပြီးတော့ဟိုလူကြီးကိုလည်း ဦးနဲ့ဝေးဝေးနေဖို့ သွားခြိမ်းခြောက်ထားရမယ်...ဘယ်နှယ့်ကွာ သူ့အသက်မှအားမနာ...ငါဦးအနားကိုကပ်ချင်သေးတယ်...ဟွန်း..''

ဝေယံတို့သူငယ်ချင်းတစ်စုလည်း မသက်သာ
သည့်အဆုံး ခေါင်းညိတ်နေရုံသာ..။
မဟုက်ရင် သွှန်းလျှံ ရစ်လို့ဆုံးမည်မဟုက်...။

ကျွန်တော့်ယောက်ကျာ်း တစ်ရွာသား(Complete )Where stories live. Discover now