part(11)

8.6K 576 11
                                    

ဆေးရုံဖွင့်ပွဲအခမ်းအနားက ပြီးဆုံးသွားပြီမို့
သွှန်းလျှံ ဦးကိုခေါ်ကာ ပြန်ဖို့ရန်ပြင်လိုက်သည်....။
ဆေးရုံဖွင့်ပွဲလာတယ်ဆိုပေမယ့်နှစ်ယောက်
ထဲ တစ်ကမ္ဘာလာတည်တယ်ဆိုရင် ပိုမှန်ပေမည်..။
ဘယ်ကိုမှအာရုံမရောက် နှစ်ယောက်သားမုန့်စားလိုက်အကြည်ဆိုက်လိုက် လုပ်နေကြသည်မဟုက်လား...။

""နှိုင်းငယ်...နှိုင်း''

အနောက်က နာမည်ခေါ်ကာ အပြေးလိုက်လာသည့်လူကြောင့် နှိုင်းသွင်ရော သွှန်းလျှံပါ ခြေလှမ်းတွေရပ်တန့်လိုက်ကြပေမယ့် အနောက်ကိုတော့ လှည့်မကြည့်ဖြစ်ပေ...။

အနောက်ကလိုက်လာသည့် မြတ်ကုဋေဟိန်းက နှိုင်းသွင်တို့နှစ်ရောက်ရှေ့တွင်ရပ်လိုက်ပြီး....

"" နှိုင်း....နှိုင်းပါနော်....အကိုလေ...မင်းကိုလိုက်ရှာနေတာ...''

မြတ်ကုဋေဟိန်းအသံတွေက တုန်ရင်နေသည်...။

မင်းစဝ်နှိုင်းသွင်  မတုန်မလှုပ်ပြုံးလိုက်မိသည်..။ သွန်းလျှံကလည်းထိုလူကို ဘာကိစ္စလည်းဆိုသည့် သဘောဖြင့် မျက်ခုံးပင့်ပြလိုက်၏..။

""ကျွန်တော်တို့သိလို့လား....''

နှိုင်းသွင်မျက်ဝန်းတွေက အေးစက်မှုအပြည့်...။မျက်နှာတွင်လည်း အလိုမကျသည့် အရိပ်အယောင်တွေက ယှက်သန်းနေသည်....။

"" နှိုင်းရယ်....ကိုယ့်ကိုမမှတ်မိဘူးလား...ကိုယ်...မြတ်ကုဋေဟိန်းလေ...နှိုင်းရဲ့ချစ်သူလေကွာ...''

နှိုင်းသွင် တဟက်ဟက်တစ်ချက်ရယ်ပြီး....

""အော်...ကျွန်တော်ချစ်သူတဲ့...တော်တော်ရယ်စရာကောင်းတဲ့စကားပါလား...''

""နှိုင်းရယ်...ကိုယ်ရှင်းပြပါရစေ...''

""ကျွန်တော်တို့အခြေအနေတွေက
လယ်ပြင်မှာဆင်သွားထားသလိုထင်ရှားနေတာဘဲ...။ရှင်းပြစရာနေလိုသေးလို့လား ကိုမြတ်ကုဋေဟိန်းရဲ...။'

""မဟုက်ဘူးလေ...နှိုင်း...နှိုင်းရဲ..ကိုယ်ရှင်းပြ...''

နှိုင်းသွင် သူတို့ကိုကြည့်နေသည့် လူအုပ်ဆီသို့ ခေါင်းထိုးပြလိုက်ရင်း...

ကျွန်တော့်ယောက်ကျာ်း တစ်ရွာသား(Complete )Donde viven las historias. Descúbrelo ahora