part(6)U

9.5K 684 21
                                    

ပြတင်းပေါက်ဆီကသက်ဆင်းလာသည့်
မနက်ခင်းအလင်းရောင်နှင့်အတူ
မင်းစဝ်နှိုင်းသွင် နိုးထလာခဲ့သည်..။
အိပ်ယာနိုးသည်နှင့်တင်းကြပ်စွာပွေ့ဖက်ထား
သည့်လက်တစ်စုံကြောင့် အလန်းတကြားထထိုင်လိုက်မိသည်..။

သူခန္တာကိုယ်လေးကို ထွေးပိုက်ထားသည်က
သွှန်းလျှံမိုးခဆိုသည့် ဟိုကောင်လေး...။

ကိုယ့်ကိုကိုယ်ပြန်ကြည့်တော့လည်း ညအိပ်တုန်းကအဝတ်အစားတွေဟုက်မနေဘဲ တခြားအဝတ်
တစ်ထည်ဖြစ်နေသည်..။

ဒါဆိုညက သူအဖျားတက်နေတုန်း ထိုကောင်များသူ့ကို......။
"အားး....ခွေးကောင်...တကယ်ငါ့ကိုအသားယူသွားတာလား''

ရှက်စိတ်ကြောင့် ဒေါသကအထွဋ်အထိပ်သို့ရောက်သွားပြီး နှစ်ခြိုက်စွာအိပ်ပျော်နေသည့် ထိုကောင်းလေးကို ကုတင်ပေါ်ကနေ ကန်ချလိုက်သည်...။

ဝုန်းခနဲ့ကျသံနှင့်အတူ ကြမ်းပြင်ပေါ်ခွေခွေလေးပြုတ်ကျသွားသည့်ကောင်လေးကိုကြည့်ကာ....စိတ်ထဲကလည်း..
""သေသေ...သူများဖျားနေတာကို အခွင့်ကောင်းယူတဲ့ကောင်..''ဟုကျိန်ဆဲလိုက်သည်ပင်...။

ကုတင်အောက်ကိုပြုတ်ကျသွားမှ
သွန်းလျှံမိုးခ အတင်းကျူံးထလာပြီး.....
မပွင့်သည့်မျက်လုံးအစုံကို ပြူးပြဲကြည့်ကာ...

"""ဦး...ဘာဖြစ်လို့လဲ''

""ဘာဖြစ်ရမှာလည်းခွေးကောင်ရ...
မင်းငါ့ကိုအခွင့်ကောင်းယူနေတာလေ....
နည်းနည်းလေးအရောဝင်လိုက်တာနဲ့ ရောင့်တက်တော့တာဘဲ.....သွား.....
မင်းကိုငါ့မျက်စီရှေ့မှာမမြင်ချင်ဘူး''

""ဘာတွေပြောနေတာလဲ ဦးရဲ့...''

ခွေးကောင်က ဘာမှမသိသည့်ပုံစံမျိူးဖြင့်
သူကိုပင်လာမေးနေသေးသည်..။
ဒေါသကထိန်မရသည်မို့ အနားက ဖက်လုံးဖြင့်ကောက်ပေါက်လိုက်ပြီး.....

""မင်းငါ့ကိုဖက်အိပ်နေတာအသားယူတာမဟုက်လို့ဘာလဲကွ...နောက်ပြီး ငါ့အဝတ်အစားတွေ...မင်း..မင်းအသားယူတာမဟုက်လို့ဘာလဲကွ''

ကောင်လေးကသူကိုကြည့်ကာ ဟားတိုက်ရယ်ရင်း......

""ဟား...ဟား...ဦးမြန်မာကားတွေအကြည့်များနေပြီတူတယ်...။ညကဦးအဖျားတွေတက်နေလို့ သားရေတပတ်တိုက်ပြီး အဝတ်အစားလဲပေးထားတာ... နောက်ပြီး ဦးအဖျားတွေတက်ပြီးတုန်နေလို့ သားကဖက်ထားပေးတာကို...ဘာမှအသားမယူထားဘူး...စေတနာနဲ့ကူညီပေးတာဘဲရှိတာ..''

ကျွန်တော့်ယောက်ကျာ်း တစ်ရွာသား(Complete )Where stories live. Discover now