သွှန်းလျှံ ဒီနေ့ ဦးဆီသွားရမှာမို့ မနက်အစောကြီးနိုးနေကာလူကအလိုလိုနေရင်းတက်ကြံနေသည်...။
စိတ်အလိုကိုခနတာလိုက်ပြီး ပေါက်ကွဲလိုက်မိတာ အခုတော့ ဦးနဲ့နီးရာကနေဝေးသွားရသည်...။
ညကဆို အိပ်လို့တောင်မပျော်...။
ဦးနားမှာမရှိရသည့် သူနေ့ရက်တွေက ပျင်းရိဖွယ်အတိပင်...။
ထိုကဲ့သို့ ဦးကသူဘဝကြီးကိုလွှမ်းမိုးနိုင်လွန်းပေသည်..။""ဦးငယ်သား...သွားတော့မယ်'''
စာရင်းလုပ်နေသည့် ဦးလေးဖြစ်သူက ခေါင်းသာညိတ်ပြရင်း သူလုပ်စရာရှိတာသာဆက်လုပ်နေပေသည်.။
မထစဖူးအစောထနေသည့်
တူဖြစ်သူ၏အကြောင်းကိုသိထားသိမို့ ဘာမှထွေထွေထူးထူးပင်မေးမနေ....။သွှန်းလျှံမှာအကျင့်တစ်ခုတော့ရှိပါသည်...။
ဘယ်သွားသွား ဦးလေးဖြစ်သူ နေသူရိန်ကို ပြောပြီးမှသွားတက်တာပင်...။ဦးအတွက်ပြင်ဆင်ထားသည့် မနက်စာချိူင်လေးကိုယူကာဆိုင်ကယ်ထုတ်လိုက်ပြီး ဒရယ်ကုန်းရွာလေးဆီသို့ မောင်းနှင်ရန်ဦးတည်လိုက်သည်...။
ကားလမ်းတစ်လျှောက် ဝါဖန့်ဖန့်စပါးခင်တွေဆီမှကောက်သစ်နံခပ်သင်းသင်းနှင့် နှင်းငွေ့ပါသည့် မနက်ခင်းလေးအေးအေးတွေက လူကိုပိုရျ်လန်းဆန်းလာစေသည်...။
ရောက်ချင်ဇောနှင့်မောင်းသည်မို့ ဆိုင်ကယ်က အရင်နေ့တွေထက်ပိုနှေးနေသည်ဟုထင်ရသည်..။တကယ်လည်း တစ်ညတာဦးနဲ့ဝေးရသည်က
သွှန်းလျှံအတွက် ကမ္ဘာကြီးတစ်ခုခြားသွားသည့်နှယ်...တကယ်အထီူကျန်စရာကောင်လှသည်လေ..။
ဒါကြောင့်ရှေးပုံပြင်တွေထဲက ကိန္နရီချောင်းခြားဆို့သည့် စကားကိုအရင်ကသူမယုံပင်မယ့်
အခုတော့သူယုံလာရသည်...။ဦးအိမ်ရှေ့ရောက်တော့ ခြံတံခါးတောင်မဖွင်ရသေးတာမို့ သွန်းလျှံဘာသာဖွင့်ကာဝင်လိုက်သည်...။
အိပ်ပုပ်လေးဦးက အခုထိနိုးမည့်ပုံမပေါ်သေးပေ...။သွှန်းလျှံဆိုင်ကယ်ကို အိမ်ရှေ့ရပ်ထားလိုက်ပြီး...အိမ်ခေါင်းရင်း ဦးအိပ်သည့်အခန်းနေရာကိုမှန်းကာ ပျဥ်ချပ်တွေကို ခေါက်လိုက်ပြီး..ဦးကိုနိုူးဖို့ကြိုးစားရသည်...။
မဟုက်ရင် ဦးမနိုးမချင်းသူအိမ်အပြင်မှာသွေးကျအောင်ရပ်ရတော့မည်လေ...။

VOCÊ ESTÁ LENDO
ကျွန်တော့်ယောက်ကျာ်း တစ်ရွာသား(Complete )
Romanceမင်းစဝ်နှိုင်းသွင် ဒီကောင်လေးနဲ့ခက်ပါရဲ့ကွာ...မင်းရည်စားစကားပြောနေတဲ့သူက မင်းအဖေလောက်ရှိတယ်ဆိုတာရော သိရဲ့လား.... သွန်းလျှံမိုးခ အသက်အရွှယ်အပိုင်းအခြားတွေ ထည့်ပြောမနေနဲ့ဦး....ချစ်ရင်ချစ်တယ်.... မချစ်ရင်မချစ်ဘူးပြော...။ ပြောမရရင်အပိုင်ဘဲကြံရကြံရ...ကျ...