PART(22)U

6.7K 426 7
                                    

 သွှန်းလျှံစာမေးပွဲခန်းကထွက်သည်နှင့်
ဝတ်ရည်မ လာကြိုသောကြောင့် ကျောင်းရှေ့က မန်ကျည်းပင်အောက်သွင် နှစ်ယောက်သားစကားပြောရန် အတူတူထွက်သွားလိုက်ကြသည်..။

တနှစ်ကျော် နှစ်နှစ်နီးပါးဝေးကွာနေသည့် အမဖြစ်သူကို သွှန်းလျှံကိုမြင်သည်နှင့် ဖက်တွယ်ထားတာကမလွှတ်စတမ်းပင်...။

""ဝတ်ရည်မရယ်...နည်းနည်းလေးဖယ်ပါအုန်း...လူမြင်ရင် တမျိူးထင်နေပါ့မယ်..''

""အော်...ကိုယ့်မောင်ကိုယ်ဖက်တာဘယ်သူဂရုစိုက်ရမှာလည်း..''

အဲ့ဒီလိုပင်..။အမဖြစ်သူက ခလေးစိတ်မကုန်သေးသူမို့ သွှန်လျှံလွတ်ပေးထားရသည်..။

အခုလည်းသွှန့်လျှံအကြောင်းကြားထားပြီး ဦးကိုတွေ့ဘူးချင်လို့ပါဆိုပြီး ကပ်ချွဲနေသည့်အမဖြစ်သူအားသွှန်းလျှံ စနောက်နေခြင်းပါ....။

""နော်...သွန်းငယ်ရယ်...ငါကိုခနလေးဘဲ နင့်ဦးနဲ့တွေ့ပေးပါနော်...ငါမောင့်ရဲ့ကောင်လေးက ဘယ်လောက်ချောလည်းသိချင်လို့ပါ..''

""မရပါဘူး...ငါ့ဦးရဲ့အလှတရားတွေထဲမှာ နင်ကြွေကျသွားရင်ဘယ်လိုလုပ်မလဲ...''

""အကျင့်မပုတ်နဲ့နော်သွန်းလျှံ......လုပ်ပါငါမြင်ဘူးချင်လို့ပါ...နင့်ကိုကွေးသွားအောင်လုပ်နိုင်တဲ့အမျိူးသားကြီးကဘယ်လိုပုံစံလည်းလို့..''

""Noပါ...မရပါဘူး...နင်ကလက်ရဲဇာတ်ရဲနဲ့..''

"" ခွေးကောင်...မရလည်းနေပေါ့...ငါကနင့်အတွက်ဖုန်းအသစ်တောင်ဝယ်လာပေးတာ...
မပေးတော့ဘူး...''

""နင့်ဝယ်ပေးမှကိုင်ရမှာကြလို့....ငါကိုဝယ်ပေးမယ်သူတွေမှအများကြီး...''

မောင်နှမနှစ်ယောက် စနောက်နေကြစဥ် အနောက်ကခေါ်သံကြောင့် သွန်းလျှံတို့ပြိုင်တူ လှည့်ကြည့်လိုက်မိကြ၏...။

""ငသွန်း...ငသွန်း...''

အမောတကောပြေးလာသည့်သူငယ်ချင်တစ်စုကြောင့် သွှန်းလျှံ ဘာလည်းဟုသောအကြည့်ဖြင့်ကြည့်လိုက်သည်..။

""ဘာတွေဖြစ်လာတာလည်း..မင်းတို့ကိုကျားလိုက်လာလို့လား...''

သွှန်းလျှံ၏အမေးကို ဝေယံက အမောဖြေပြီးမှ...သွှန်းလျှံပုခုံးကိုဖက်ကာ...

ကျွန်တော့်ယောက်ကျာ်း တစ်ရွာသား(Complete )Where stories live. Discover now