part(2)unicode

13.6K 955 40
                                    

တောရွာလေးမို့ည10နာရီမထိုးခင် တိတ်ဆိတ်စွာ
အိပ်မောကျနေပြီပင်...။

လျှပ်စစ်မီးမရရှိသေးသည့် ကျေးလက်ဒေသလေးမို့ solarနှင့်​ဘတ္တရီအိုးလေးတွေသာ အားကိုနေရတာကြောင့် အစောကြီးမီးပိတ်ပြီးအိပ်တက်ကျသည်က အိမ်တိုင်းလိုလိုမဟုက်လား.....။

သွန်းလျှံမိုးခ အမှောင်ထုကိုအားကိုပြီး ညနေကသေချာကြည့်ထားသည့် ခြံဝန်းလေးထဲသို့ ခိုးဝင်လိုက်သည်...။

အိမ်ရှေ့ကတစ်မျိူး အိမ်အနောက်ကတစ်ဖုံ သေချာစုံစမ်းထားသည်မို့ သိပ်တော့မခက်ခဲလိုက်ပေ.....။

အိမ်နောက်ဖေးခြံတံခါးက ပိတ်ကြိုးနှင့်သာ
ချည်ထားသည်မို့ အလွယ်တကူဖွင့်ဝင်ကာ ကြက်တွေထားသည့် ထင်းတဲဆီသို ဦးတည်ပြီးသွားလိုက်သည်...။

အခုထိတော့အခက်အခဲဘာမှရှိမနေသေး...။ ထင်းတဲထည်းတွင် ကြက်နှစ်ကောင်ကို အုပ်ဆောင်းတစ်ခုစီနှင့်အုပ်ထားတာတွေ့လိုက်ရတော့ သွှန်းလျှံမိုးခပျော်သွားရသည်...။

အုပ်ဆောင်းအောက်က သူ့သားလေးပွဲကျော်ကို ဖမ်းယူလိုက်စဥ်....

ခါးကြားကို လာချိန်ထားသည့်အေးစက်စက်အထိအတွေ့ကြောင့်သွှန်းလျှံမိုးခ ခေါင်းပေါ်လက်တင်ထားလိုက်ရသည်...။

သတ္တူတစ်ခုခုနဲ့ထိတွေ့သည့်အေးစက်မှုမျိူးမို့ သေချာတာကဓားဖြစ်ဖို့များသည်မဟုက်လား...။

""ဟေ့ကောင်..သူခိုး...လှုပ်ဖို့မကြိုးစားနဲ့နော်...
ငါ့ဓားကမင်းခါးကြားထဲဝင်သွားမယ်...။
ဘာမှတ်နေလဲ'''

ကိုကိုရဲ့အသံက လှည့်ကြည့်နေစရာမလို...။

သွန်းလျှံမှတ်မိသိပင်...။

ထိုကြောင့်..သွှန်းလျှံဘာလုပ်ရမှန်းမသိတာမို့.....ဟီးတိုက်ငိုလိုက်ကာ...။

""သား...ကြက်လေးကိုပြန်လာယူတာပါကိုကိုရယ်....။
ဟင့်..မဟုက်ရင်အဖေ အိမ်ပေါ်တောင်မတက်နဲ့ဆိုပြီးနှင့်ချလိုက်လို့ပါ....။
ကြံမီကြံရာကြံရင်းနဲ့....သားကြက်လေးကိုလာပြန်ခိုးရတာပါ''

""သားတွေသမီးတွေနားမလည်ဘူး...။
သူခိုးကသူခိုးဘဲမင်းကိုရွှာလူကြီးကိုအပ်ရမယ်''

ကျွန်တော့်ယောက်ကျာ်း တစ်ရွာသား(Complete )Where stories live. Discover now