လင်းကြက်တို့၏တွန်သံနှင့်အတူ မနက်ခင်းအလင်းရောင်က အခန်းငယ်လေးဆီသို့ တိုးဝင်လာခဲ့သည်...။
မျက်နာပေါ်ထိုးကျလာသည့် နေရောင်နွေးနွေးလေးနှင့်အတူမင်းစဝ်နှိုင်းသွင် အိပ်ယာမှနိုးထလာသည်..။
သူနိုးသည်နှင်အရင်ဆုံးသတိရတာက ဟိုငမြွေထိုးကိုပင်...။ အခုထိအိပ်ယာထပုံမရသေး...။အိပ်ယာသိမ်းစောင်ခေါက်ထားလိုက်ပြီး
အရင်ဆုံးနောက်ဖေးရေအိုးဆီသွားကာမျက်နှာသစ်သွားတိုက်လိုက်သည်..။ထိုနောက်...အိမ်ရှေ့တွင်အိပ်နေဆီအကောင်ကိုသွားနိုးရပေမည်.....။
နှစ်ခြိုက်စွာအိပ်နေသည့်ကောင်လေးက သူ့အိမ်သူယာလိုများသဘောထားနေလားမသိ.....။
ခြေပစ်လက်ပစ်ပင် အိပ်နေသေးသည်.။မင်းစဝ်နှိုင်းသွင် ထိုကောင်လေးနားသွားကာ...
""ဟေ့...ထတော့ အချိန်မနည်းတော့ဘူး...''
သူနိုးတာကို ထိုကောင်လေးကလှုပ်ပင်မလုပ် အိပ်မြဲတိုင်းအိပ်နေဆဲပင်...။
မင်းစဝ်နှိုင်းသွင် ထိုကောင်လေးအသားကို လှုပ်နိုးရန်ကြိုးစားလိုက်သည်...။""ဟေ့.... ကောင်...ထတော့လိုပြောနေတယ်လေ...အချိန်မနည်းတော့ဘူးပြန်တော့''
ထိုကောင်လေးက မနိုးတဲ့အပြင် တဖက်ပင်လှည့်အိပ်သွားသေးသည်..။
ဒီလောက်နိုးတာလည်းမရ...။
တကယ့်အအိပ်ကြီး
လွန်းတဲ့ကောင်ပါလား....။
ကျိကုန်းကိုယ်တော်နဲ့များအမျိုးတော်နေလားမသိ.....။
စောစောစီးစီးဒေါသမထွက်ချင်ပါဘူးဆိုမှ
ထိုကောင်ကြောင့် ဒေါသကထွက်ရပြန်ပြီ...။ဒီလောက်နိုးမရတဲ့ကောင် မင်းနဲ့ငါနဲ့တွေ့ကျသေးတာပေါ့ဟုတွေးလိုက်ပြီး.....မီးမွေးရန်ထားသည့် စက္ကူတစ်စကိုယူကာ ထိုကောင်ခြေထောက်ကြားထဲညှပ်လိုက်ပြီး မီးရှို့ပေးလိုက်သည်...။.
ထိုအခါမှအလန့်တကြားနှင့်ထလာကာ...
""အားး.....သား..ခြေမ....မီး...မီးလောင်နေတယ်..''
""လောင်နေတာမဟုက်ဘူး...ရှို့ထားတား..''
""ဥိးကလည်း...သားခြေမလေး...ပူပူ.''
နှိုင်းစဝ်မင်းသွင် ထိုကောင်လေးအား မဲ့ကြည့်ကြည့်ကာ.....
""အေး..... နောက်ဆိုခြေမတင်မဟုက်ဘူး ရှိသမျှဟာအကုန်လောင်အောင်ရှို့ပြမယ်...တကယ်တည်း သူများအိမ်လာအိပ်ပြီး နိုးနိုးကြားကြားကိုမရှိဘူး...မိန်းခလေးသာဆိုမင်းဗိုက်ကြီးနေလောက်ပြီ''
BẠN ĐANG ĐỌC
ကျွန်တော့်ယောက်ကျာ်း တစ်ရွာသား(Complete )
Lãng mạnမင်းစဝ်နှိုင်းသွင် ဒီကောင်လေးနဲ့ခက်ပါရဲ့ကွာ...မင်းရည်စားစကားပြောနေတဲ့သူက မင်းအဖေလောက်ရှိတယ်ဆိုတာရော သိရဲ့လား.... သွန်းလျှံမိုးခ အသက်အရွှယ်အပိုင်းအခြားတွေ ထည့်ပြောမနေနဲ့ဦး....ချစ်ရင်ချစ်တယ်.... မချစ်ရင်မချစ်ဘူးပြော...။ ပြောမရရင်အပိုင်ဘဲကြံရကြံရ...ကျ...