part(2)Zawgyi

4.8K 109 0
                                    

ရွှာလေးက ည10နာရီမထိုးခင် တိတ်ဆိတ်စွာ
အိပ်မောကျနေပြီပင်...။
လျှပ်စစ်မီးမရရှိသေးသည့် ကျေးလက်ဒေသလေးမို့ solarဘတ္တရီအိုးလေးတွေသာ အားကိုနေရတာကြောင့် အစောကြီးမီးပိတ်ပြီး
အိပ်တက်ကျသည်က အိမ်တိုင်းလိုလို
မဟုက်လား.....။

သွန်းလျှံမိုးခ အမှောင်ထုကိုအားကိုပြီး ညနေကသေချာကြည့်ထားသည့် ခြံဝန်းလေးထဲသို့ ခိုးဝင်လိုက်သည်...။
အိမ်ရှေ့ကတစ်မျိုး အိမ်အနောက်ကတစ်ဖုံ သေချာစုံစမ်းထားသည်မို့ သိပ်တော့မခက်ခဲလိုက်ပေ.....။

အိမ်နောက်ဖေးခြံတံခါးက ပိတ်ကြိုးနှင့်သာ
ချည်ထားသည်မို့ အလွယ်တကူဖွင့်ဝင်ကာ ကြက်တွေထားသည့် ထင်းတဲဆီသို ဦးတည်ပြီးသွားလိုက်သည်...။
အခုထိတော့အခက်အခဲဘာမှရှိမနေသေး...။ ထင်းတဲထည်းတွင် ကြက်နှစ်ကောင်ကို အုပ်ဆောင်းတစ်ခုစီနှင့်အုပ်ထားတာတွေ့လိုက်ရတော့ သွှန်းလျှံမိုးခပျော်သွားရသည်...။
အုပ်ဆောင်းအောက်က သူ့သားလေးပွဲကျော်ကို ဖမ်းယူလိုက်စဉ်....

ခါးကြားကို လာချိန်ထားသည့်အေးစက်စက်အထိအတွေ့ကြောင့်သွှန်းလျှံမိုးခ ခေါင်းပေါ်လက်တင်ထားလိုက်ရသည်...။
သတ္တူတစ်ခုခုနဲ့ထိတွေ့သည့်အေးစက်မှုမျိုးမို့ သေချာတာကဓားဖြစ်ဖို့များသည်မဟုက်လား...။

""ဟေ့ကောင်..သူခိုး...လှုပ်ဖို့မကြိုးစားနဲ့နော်...
ငါ့ဓားကမင်းခါးကြားထဲဝင်သွားမယ်...ဘာမှတ်နေလဲ'''

ကိုကိုရဲ့အသံက လှည့်ကြည့်နေစရာမလို...။
သွန်းလျှံမှတ်မိသိပင်...။ထိုကြောင့်..ဟီး..တိုက်ငိုကာ.....

""သား...ကြက်လေးကိုပြန်လာယူတာပါကိုကိုရယ်....။ဟင့်..မဟုက်ရင်အဖေက အိမ်ပေါ်တောင်မတက်နဲ့ဆိုပြီးနှင့်ချလိုက်လို့ပါ....။ကြံမိကြံရာကြံရင်းနဲ့....သားကြက်လေးကိုလာပြန်ခိုးရတာပါ''

""သားတွေသမီးတွေနားမလည်ဘူး...။
သူခိုးကသူခိုးဘဲမင်းကိုရွှာလူကြီးကိုအပ်ရမယ်''

""ဟီး....ဟီးး...မလုပ်ပါနဲ့ကိုကိုရယ်....။
သားကမိကောင်းဖခင်သားသမီးကောင်းလေးပါ...။မယုံရင်စားကြည့်ပါ....
အယ်မှားလို့...စုံစမ်းကြည့်ပါ..ကိုကိုရယ်''

ကျွန်တော့်ယောက်ကျာ်း တစ်ရွာသား(Complete )Donde viven las historias. Descúbrelo ahora