Parr(26)

7.2K 420 17
                                    

( တပို့တွဲလ္ဆန်း(၆)....အင်္ဂါနေ့ )

🎤အဖြူရောင်ဝမ်းဆက်လေးနဲ့ လှပတဲ့ကျွန်တော့်သတိုးသား...။
ရောင်စုံကာလာခြယ်နေစရာမလိုဘဲ....။
လှပလွန်းတဲ့ရောင်စုံခန်းမကြီးလည်း...အရာရာပြီးပြည့်စုံတယ်...သူအလှတွေနဲ့..''🎤

🎤တည်ကြည်ခမ်းနားမှုနဲ့ ငြိမ်းချမ်းတဲ့ကျွန်တော်သတိုးသား...။
ဗိုလ်ဆန်ဆန်တွေ..ဆင်နေစရာမလိုဘဲ..။
လှပလွန်းတဲ့ ရောင်စုံခန်းမကြီးလည်း အရာရာပြီးပြည်စုံတယ်....သူ့အလှတွေနဲ့..🎤

တူညီတဲ့အချစ်..သီချင်းအား တီးဝိုင်းအဖွဲ့က အနည်းငယ်ပြောင်းလဲသီဆိုထားသည့် သံစဥ်တွေကပတ်ဝန်းကျင်တစ်ခုလုံးတွင် ငြိမ့်ညောင်းစွာ လွင့်ပျံ့နေ၏..။

တပို့တွဲလ၏ အအေးဒဏ်အောက်တွင် မီးရောင်စုံဖြင့်လှပနေသည့်မဏ္ဍပ်ကြီးက ရွှာ၏အလယ်တွင် ခမ်းနားစွာ တည်ရှိနေသည်..။

လှပလွန်းသည့်အခမ်းအနားအပြင်အဆင်နှင့်မဏ္ဍကြီး၏ နဖူးစည်တွင် ရွှေရောင်ဖောင်ကြွစလုံးတွေဖြင့်ချစ်စရာကောင်လေးနှစ်ယောက်၏ နာမည်ကို လှပစွာရေးထိုးထားသည်ပင်..။

ကျေးလက်ဒေသ၏ထုံးစံအရ မနက်(6)မထိုးခင်ထဲက မင်္ဂလာပွဲကြီးကစတင်သည်မို့ ဂုဏ်ပြုတက်ရောက်လာကြသည့် သူတွေကလည်းတဖွဲဖွဲပင်....။

ဝေဝါးနေသည့်နှင်းမှုန်တွေက ဧည့်ကြိုနေသည့် သတိုးသားလေးနှစ်ယောက်ကိုတော့ ဖုံးကွယ်မထားနိုင်ပေ..။
တက်ရောက်လာသည့်ဧည့်သည်များကို အပြုံး
နှင့်ဆီကြိုနေသည့် သူတို့လေးတွေ၏
အပြုံးများက နူ့ညံစွာအသက်ဝင်နေသည်..။

မိုးပြာရောင်တိုက်ပုံအင်္ကျီနှင့်ပန်းနုရောင်အပေါ်တွင်အပြာနုရောင်ဖောက်ထားသည့် ပိုးပုဆိုးလေးတွေအားဆင်တူဝတ်ဆင်ကောင်လေးနှစ်ယောက်က မြင်သူတိုင်းလှည့်ပြန်ငေးယူရသည့်အထိ  လိုက်ဖက်လွန်းနေသည်..။

ပန်းနုရောင်ပြေးနေသည့် ပါးနုနုလေးကိုမှ ထပ်လောင်းလှပစေသည့် ဆေးမကူဘဲစိုအိနေ
သည့် နှုတ်ခမ်းဖူးဖူးလေးကြောင့်အသက်အရွှယ်နှင့်မလိုက်ဖက်အောင်နုပျိူလှပလွန်းနေသည့်လူသားလေးအား ပိုင်ဆိုင်ထားသည့် ဒရယ်ကုန်းရွှားသားလေးကတော့ သူ့ပိုင်ဆိုင်ရာလေးကို အရိပ်တကြည်ကြည့်ပင်....။

ကျွန်တော့်ယောက်ကျာ်း တစ်ရွာသား(Complete )Where stories live. Discover now