သွန်းလျှံ အိမ်ပြန်သွားတာကြောင့် နှိုင်းသွင်လည်း ရေချိူးကာ ထိုကောင်လေးပြန်အလာကို အိမ်ရှေ့ကွပ်ပျစ်လေးကနေ ထိုင်စောင့်နေရသည်ပင်..။
မနက်ကကိစ္စကြောင့် ထိုကောင်လေးအဆင်မပြေမှာကိုနည်းနည်းတော့ တွေးပူမိရသည်လေ...။
ဆောင်းအကုန်နွေအကူးကာလ၏နေ့လည်ခင်းမို့ အပူဒဏ်ကကြီးစိုးနေတာကြောင့်နေပူထဲ ဘာဆောင်းစရာမှယူမသွားဘဲ ဒီအတိုင်းထွက်သွားသည့်ကောင်လေးကို စိုးရိမ်နေမိသည်...။
ဘာမှမစဥ်းစားဘဲလုပ်တက်သည့်ကောင်လေးမို့ နှိုင်းသွင်အစရာရာအကုန်လိုက်ပူပေးနေရသည်ပါ.။
ခနကြာတော့ မျှော်နေသူကပေါ်လာပါပြီပင်...။
ဆိုင်ကယ်ကို အိပ်ဘေးကပ်ရပ်ထားခဲ့ပြီး သူဆီပြေးလာသည့်ကောင်လေးက အစောက အောက်ပိုင်းနာလို့ ရှုံမဲ့နေသည့်ပုံစံနှင့်များတခြားစီပင်...။
နှိုင်းသွင်ထိုင်နေသည့် ကွပ်ပျစ်ပေါ်တက်လာကာ အနောက်ကနေသိမ်းဖက်လိုက်သည့်ကောင်လေး
ကြောင့်...အနောက်သို့သမင်လည်ပြန်လှည့်ကာ...""လူတွေမြင်ကုန်မယ်လေ..ကောင်လေးရဲ့..''
""အာ့မြင်မြင်ပေါ့ နောက်လည်းမြင်ရမှာပါဘဲကို'''
ကောင်လေးပြောတာလည်း မှန်နေသည်မို့ နှိုင်းသွင်မရုန်းမိတော့ပါ..။
နောက်ဆိုလည်း ဒီကောင်လေးက ဒီလိုဘဲလက်ရဲဇာတ်ရဲနှင့် လူအမြင်ကပ်ကောင်နေမှာဆိုတော့ အခုထဲက အကျင့်သားရအောင်လွတ်ထားလိုက်တာကောင်းမည်ပင်....။
""ဦးရေ...စာဖြေပြီးရင် အဖေက ဦးကိုလာတောင်းပေးမယ်တဲ့...''
""ဟင်...ဘယ်လိုကောင်လေး..''
ထိုကောင်လေးစကာကြောင့်နှိုင်းသွင် မေးခွန်းပြန်ထုတ်ရသည်ပင်...။
မနက်က သူက ဦးဆောင်သူနေရာကမို့ ဘာဘဲပြောပြော သူကထိုကောင်လေးကိုတင်တောင်းပေးရမှာမဟုက်လား..။
ရွာရဲ့ဓလေ့အရ ယောက်ကျာ်းလေးရှင်ဘက်ကနေ တင်တောင်းပေးရသည်လေ...။
""ဒီလိုဦးရာ..ပါးက ဦးကိုလာတောင်းပေးရင် သာကယောက်ကျာ်းလေးရှင်ဖြစ်သွားပြီလေ...။
အဲ့တော့သားက ဦးရဲ့အိမ်ထောင်ဦးစီးဖြစ်သွားပြီပေါ့...''
ESTÁS LEYENDO
ကျွန်တော့်ယောက်ကျာ်း တစ်ရွာသား(Complete )
Romanceမင်းစဝ်နှိုင်းသွင် ဒီကောင်လေးနဲ့ခက်ပါရဲ့ကွာ...မင်းရည်စားစကားပြောနေတဲ့သူက မင်းအဖေလောက်ရှိတယ်ဆိုတာရော သိရဲ့လား.... သွန်းလျှံမိုးခ အသက်အရွှယ်အပိုင်းအခြားတွေ ထည့်ပြောမနေနဲ့ဦး....ချစ်ရင်ချစ်တယ်.... မချစ်ရင်မချစ်ဘူးပြော...။ ပြောမရရင်အပိုင်ဘဲကြံရကြံရ...ကျ...