Part(5)U

10.7K 748 16
                                    


နေသူရိန်ပြန်သွားတော့မှ....မင်းစဝ်နှိုင်သွင် အနားက ကုလားထိုင်လက်တန်းကိုခေါင်းအုံးကာခွေခွေကလေးအိပ်ပျော်နေသည့်ကောင်လေးကိုသတိထားမိသည်.......။

မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်နှစ်ယောက်က ရှေးဟောင်းနောက်ဖြစ်တွေပြောရင်း စကားဝိုင်းက အတော်ကြာသွားသည်မို့ ဒီကောင်လေးပျင်းပြီးအိပ်ပျော်သွားတယ်တူပါရဲ့...။

သစ်သားတန်းကြီးကို ခေါင်းအုံးအိပ်နေသည့်ကောင်လေးက ဇတ်တွေမနာတဲ့အတိုင်း နှစ်နှစ်ခြိုက်ခြိုင်ပင်အိပ်ပျော်နေသေးသည်...။

နှိုင်းစဝ်မင်းသွင် ထိုကောင်လေးမျက်နှာကို
အခုမှ သေချာစေ့စေ့စပ်စပ်ကြည့်မိသည်..။

မျက်လုံးမျက်ခုံးကောင်းကောင်းနှင် မထူမပါးနှုတ်ခမ်းသားတစ်စုံအပြင် ဖြောင့်ဆင်းနေသည့်နှာတံတို့ကြောင့် ထိုကောင်လေးက
အိပ်ပျော်နေသည့်တိုင် ယောက်ကျာ်းပီသသည့်ပုံစံမျိူးကပေါ်လွင်နေသည်...။
V shapeဆန်ဆန်မျက်နှာကအချိူးအစားကိုမှ မဖြူမညိုအသားအရေနှင့်မို့ ကောင်လေးကတည်တည်တံတံနေလျှင်ပိုတိုင်းကြိုက့်တဲ့နှင်းဆီခိုင်ဖြစ်မှာမလွဲပေ..။

နှိုင်းစဝ်မင်းသွင် ထိုကောင်ဆီမှအကြည့်လွှဲကာ အခန်းထဲသွားဖို့ထရန်ပြင်လိုက်ပြီးမှ...
ဒီတိုင်းဆက်အိပ်နေရင် ဒီကောင်လေးဇတ်တွေနာတော့မှာကိုတွေးမိရျ် ကောင်လေးလက်ကိုပုတ်
ကာနိုုးလိုက်သည်...။

အိမ်မှုံစုံဝါးနှင့်ထလာသည့်ကောင်လေးကမျက်လုံးနှစ်ဖက်ကို လက်ဖြင့်ပွတ်ရင်း.....

""ဦးသွင်....သားကိုဘာခိုင်းမလိုလဲ'''

နိုးလာသည့်နှင့်အရင်မေးတာက ဘာခိုင်းမလို့လဲတဲ့...။မသိရင်ကိုယ့်ကဘဲ သူ့ကိုဝေယျာဝစ္စလုပ်ပေးဖို့ခေါ်ထားသလိုပင်...။

""မခိုင်းပါဘူး...မင်းဇတ်တွေနာနေမှာစိုးလို ''

""အာ...ဟုက်ပါရဲ့...ဦးသွင်တို့စကားပြောတာနားထောင်ရင်း သားလည်းအိပ်ပျော်သွားတာ...ဒါနဲ့ ဦးငယ်ရောပြန်သွားပြီလား...''

""အင်း..ပြန်သွားပြီ...မင်လည်းပြန်ချင်ပြန်လေ...ငါတစ်ယောက်ထည်းနေလို့ရတယ်..''

ကျွန်တော့်ယောက်ကျာ်း တစ်ရွာသား(Complete )Where stories live. Discover now