EP 1
"ဗျာ! လက်ထပ်ရမယ် ဟုတ်လားဖေဖေ ပီးတော့ယောကျ်ားတစ်ယောက်နဲ့တဲ့လား"
"ဟုတ်တယ်သား မင်းလက်ထပ်မှရမယ် ငြင်းပိုင်ခွင့်မရှိဘူးသား"
ကျယ်ဝန်းလှတဲ့ ခြံကြီးထဲရှိ သုံးထပ်တိုက်တစ်လုံးထဲတွင်ဖြင်သည်။
ဖခင်ဖြစ်သူ ဦးအောင်မြတ်သွေးကတော့ သူရဲ့သားအား အားနာစွာဖြင့် လက်ထပ်ရမည့်အကြောင်းကိုပြောနေသည်။
မိခင်ဖြစ်သူကလည်း သူရဲ့တစ်ဦးတည်းသော သားလေးမျက်နှာကို ငေးကြည့်ရင်းမှ မျက်ရည်များကျဆင်းလာမိသည်။
တုန်လှုပ်ချောက်ချားမှုများစွာနဲ့ လွန်းစစ်သွေးဟာ သူအမေရဲ့လက်ထဲကနေ သူ့လက်ကိုဆွဲထုပ်ကာ ထရပ်လိုက်သည်။
"သား...သား လုံးဝလက်မထပ်နိုင်ဘူးဖေဖေ ဒာဘယ်နည်းနဲ့မှ သဘာဝမကျဘူး! ဘာမှန်းမသိသားကို လက်ထပ်ခိုင်းတယ်!ပြီးတော့ ယောကျာ်းတယောက်နဲ့ မျက်နှာတောင်မမြင်ဘူးတဲ့သူတယောက် သားလုံးဝသဘောမတူဘူး!"
လွန်းစစ်သွေး လုံးဝလက်မခံနိုင်ပါ။ တစ်ဦးတည်းသော သားဖြစ်ပေမယ့် မိဘများအပေါ် တခါမှပြန်မပြောဘူးတဲ့ လွန်းစစ်သွေးဟာ အခုတော့သူကို မတောင်းပန်ရုံတမယ်ပြောနေတဲ့ ဖခင်ရဲ့စကားကို လွန်ဆန်မိသည့်အပြင် ပြန်ခံပြောနေမိပါသည်။
"သား ဖေဖေရဲ့ companyက အရင်လိုမဟုတ်တော့ဘူးသား ပီးတော့ရှယ်ယာရှင်တွေကလည်းရှယ်ယာတွေပြန်ထုတ်ချင်နေကြတယ် ...မင်းအမေကလည်း ကျမ်းရေးကနှလုံးခွဲစိတ်မှရမယ်သား ပီးတော့အဖေတို့ အခုအိမ်ကိုလည်းပေါင်ထားတယ် အဲ့တော့သား လက်ထပ်မှရမယ် ဖေဖေတောင်းပန်ပါတယ် ဒီလိုလုပ်တာသားအတွက် မတရားမှန်းသိပေမယ့်ပေါ့ အဖေဒီလိုမလုပ်ရင် မင်းအမေဆေးကုစရာမရှိဖြစ်သွားမယ်သား အဖေတောင်းပန်ပါတယ်ကွာ"
ဘာတွေဖြစ်ကုန်တာလဲ လွန်း တကယ်မသိတော့ပါ။အိမ်ရဲ့ စီးပွားရေးအခြေနေ မကောင်းတာသိပေမယ့် ဒီလောက်ကြီးဖြစ်လိမ့်မယ်မထင်မိ။ ဒါတွေထက်ဆိုးတာကမေမေ! ဘယ်ချိန်ကစဖြစ်နေမှန်းမသိတဲ့မေမေ့ရဲ့နှလုံးရောဂါ ဘာတဲ့နှလုံးအစားထိုးကုသရမယ်။
ВЫ ЧИТАЕТЕ
သေလောက်အောင်မုန်းတယ်သေ သည်ထိချစ်မယ်...(Completed )
Мистикаသေလောက်အောင်မုန်းတယ်သေသည်ထိချစ်မယ် introလေးပါ Seme. မုန်းတံတိုင်း အရပ်. 6ပေ1လက်မ အသက်.29 "မင်က ကိုယ့်ရဲ့နယ်ရုပ်လေးပဲဟုတယ်ကိုယ်သိပ်ချစ်တဲ့ကိုယ့်ရဲ့သက်ရှိအရှပ်လေး" UKE. လွန်းစစ်သွေး အရပ်..5ပေ8 အသက်.25 "မုန်းလိုက်တာခများကိုသိပ်မုန်းတာပဲကျနော်ကိုချစ်တ...
