ep 45
တစ်နှစ်ခန့်ကြာသော်...
လွန်း company သွားမှာကို သားအား အခုထိလက်က မချသေးသော မုန်းအား ထိုင်စောင့်နေသည်မှာ နာရီဝက်မျှကြာနေပြီဖြစ်သည်။
လွန်း ကုတင်ပေါ်ထိုင်နေရာက ထကာ သားကိုချီထားသော မုန်းအနားလျှောက်သွားလိုက်သည်။
"ကိုကို အလုပ်သွားတော့လေ ပေးသားကို "
လွန်း သားအားချီဖို့ လက်လှမ်းလိုက်တော့ ကိုကို့လက်ပေါ်က သားက လွန်းခေါ်တာကို မလိုက်ဘူးဆိုသည့် အမူယာနှင့် မုန်းလည်ပင်းကိုလက်သေးသေးလေးနှင့်ဖက်ကာ ခေါင်းယမ်းပြနေသည်။
"သား...မဟာလေး လာပါးပါးစီကို "
"ဝါဝူး...ဒီဒီနဲ့ ဝိုက်မွာ"(လာဘူး...ဒယ်ဒီနဲ့လိုက်မှာ)
မပီကလာ ပီကလာနဲ့ ပြောနေတဲ့သားက ဘယ်လိုခေါ်ခေါ်မရပေ။ မုန်းကလည်း ကပ်တွယ်နေသည့် သားကို လက်လွှဲပေးဖို့ စိတ်ကူးရှိပုံမပေါ်ပါ။
"မဟာ...သားဒယ်ဒီက အလုပ်သွားရအုန်းမှာလေသားရယ် လာပါးပါးစီ...အောက်ထပ်က ရေခဲမုန့်သွားစားကြမယ်"
"ချားဝူး...ဒီဒီနဲ့ ဝိုက်မွာ ဘာခို"(စားဘူး ဒယ်ဒီနဲ့ လိုက်မှာပါဆို)
"ကဲ ကိုကိုရေ နည်းနည်းပါးပါး ကူပြောပါအုန်း"
သားကိုမနိုင်တော့လို့ မုန်းအား လွန်းစစ်ကူတောင်းလိုက်သည်။
"အချစ်ကလဲကွာ သားနဲ့ခနလောက်နေပါရစေအုန်း ပြီးမှ သွားလည်း ရပါတယ် "
လွန်း မနိုင်စိန်နှစ်ယောက်ကို ပြောလို့မရတာနဲ့ စိတ်ကောက်ကာ အခန်းထဲကထွက်လာလိုက်သည်။
အောက်ထပ်ရောက်တော့ ကြီးမြနဲ့စကားပြောနေတဲ့မှိုင်းကိုတွေ့လိုက်ရသည်။
"မှိုင်း ဘာကိတ်လဲ"
"ဒီတိုင်းပါပဲ မဟာလေးကို သတိရလို့"
လွန်း ညစ်ပြုံးပြုံးလိုက်ကာ မှိုင်းပခုံးကို ဖက်ပြီး ပြောလိုက်သည်။
"မနေ့ကတောင် စစ်မှူး ငါတို့စီ ဖုန်းဆက်သေးတယ်ကွ"
"အဲ့တော့ ငါနဲ့ဘာဆိုင်လဲ"
![](https://img.wattpad.com/cover/325131078-288-k652700.jpg)
ESTÁS LEYENDO
သေလောက်အောင်မုန်းတယ်သေ သည်ထိချစ်မယ်...(Completed )
Paranormalသေလောက်အောင်မုန်းတယ်သေသည်ထိချစ်မယ် introလေးပါ Seme. မုန်းတံတိုင်း အရပ်. 6ပေ1လက်မ အသက်.29 "မင်က ကိုယ့်ရဲ့နယ်ရုပ်လေးပဲဟုတယ်ကိုယ်သိပ်ချစ်တဲ့ကိုယ့်ရဲ့သက်ရှိအရှပ်လေး" UKE. လွန်းစစ်သွေး အရပ်..5ပေ8 အသက်.25 "မုန်းလိုက်တာခများကိုသိပ်မုန်းတာပဲကျနော်ကိုချစ်တ...