အပိုင်း ၂၃

4.2K 89 5
                                    


EP23

"သားသား ဟိုရောက်ရင် မေမေ့စီကို ဖုန်းဆက်နော် ရေချိုးလဲ မရဲနဲ့ဖျားနာနေမယ် ပြီးတော့ စားလည်မှန်မှန်စား အသုံးလိုရင်လည်းမေမေ့စီလှမ်း...."

မေ့မေ့စကားမဆုံးခင်မှာ ဖေဖေ့က ပိတ်ပြောလိုက်သည်။

"မင်းသားကို ပိုက်ဆံပေးဖို့စိတ်မကူးနဲ့ တပတ်တခါပိုက်ဆံလွှဲပေးမယ် ငါးသောင်း..တပတ်ကို ငါးသောင်းပဲသုံးရမယ် အဲ့တာတောင် သူများစီမို့လို့မဟုတ်ရင် ပိုက်ဆံဖြတ်တယ်"

"အကိုရယ် ရှင်ကလဲ ကျွန်မတို့မှာဒီသားလေးတစ်ယောက်ထဲရှိတာကို..ရှင်"

"တစ်ယောက်ထဲမို့သာ တော်ကာကြတယ် နှစ်ယောက်သုံးယောက်သာဆို ငါ ပုဆိုးတောင်ဝတ်နိုင်မှာမဟုတ်ဘူး"

ထိုစဥ်ကားဆရာမှ ကားထွက်မည့်အကြောင်း သတိပေးလယသည်။

"ကဲကဲ ပုဂံ၊ညောင်ဦး၊ပုပ္ပါး သွာမယ့်ခရီးသည်များ ကားထွက်ပါတော့မယ် မိမိရဲ့ခုံလက်မှတ်များနဲ့ လာရောက်ကြပါတော့ခဗျာ.. စထွက်ပါတော့မယ် ခရီးသည်များခဗျာ"

"သားသား သွားတော့နော် လိမ်လိမ်မာမာနေပါသားရယ်"

မေမေကဖက်ထားပြီး ဖေဖေကတော့မျက်နှာမကောင်းပေမယ့် ဘာမှမပြောပေ။

"သား..သွားပြီနော်"

ဖေဖေနဲ့မေမေကို နှုတ်ဆက်ကာ ကားပေါ်တက်လာလိုက်သည်။ခနနေတော့ ကားလေးဟာရန်ကုန်ကားကြီးဝင်းမှ ထွက်ခွာလို့ဦးတည်ရာကို တရွေ့ရွေ့မောင်းနှင်နေပါသည်။

မှိုင်းတခွင် ကားစီးလျှင် အမြဲအိပ်ငိုက်တက်သည်။ထို့ကြောင့် အခုလည်းမှေးခနဲအိပ်ပျော်သွားကာ နိုးလာတော့ ကားက ခနရပ်နေသည်။ကားဘေးနားတွင်တော့အချဥ်ပေါင်းသယ်များက သူထက်ငါ စျေးရောင်းနေကြသည်။

"အကိုယူအုံးမလား အိပ်ချင်ပြေလေးပေါ့ ကောင်းတယ် အရမ်းလဲမစပ်ဘူး"

မှိုင်းတခွင်လည်း နောက်ကျိကျိဖြစ်နေသည့်ခေါင်းကြောင့် အချဥ်ပေါင်းဝယ်ဖို့ ပိုက်ဆံအိတ်ထုပ်လိုက်တော့ ပိုက်ဆံအိတ်ရောဖုန်းရောမရှိတော့ပေ။

ခေါင်းနပန်းကြီးကာ ထူပူသွားတော့သည်။အရင်လိုဆိုဘာမှမမှုပေမယ့် အခုဟာကမတူ။ ပိုက်ဆံတစ်သိန်းက အရမ်းအရေးပါလို့နေသည်။သူတပတ်လုံးသုံးရမှာမလား အခုတော့မွဲတော့မည်။

သေလောက်အောင်မုန်းတယ်​သေ သည်ထိချစ်မယ်...(Completed )Dove le storie prendono vita. Scoprilo ora