ep 33
မနက်ကတည်းက မပြောမဆိုနဲ့ company သွားတဲ့ လူကြီးကြောင့် လွန်းတစ်ယောက် စိတ်ကောက်နေပါသည်။
သူနဲ့ ဟိုဒင်းဟိုဟာလုပ်ပြီး အဖျားပျောက်တာမှ မကြာသေး ပစ်ထားရက်သောသူကြောင့် ဝမ်းနည်းမှုတို့က ကြီးစိုးနေသည်။
"အင်း ...အခုတလော ငါဝမ်းနည်းလွယ်လာတယ်"
တကိုယ်တည်းရေရွက်ရင်း အခန်းထဲကနေထွက်လာလိုက်သည်။အိမ်မှာလည်း သူလုပ်စရာဘာမှမရှိ။ ဟန်လင်းရောင်ကတော့ဖြင့် မီးဖိုထဲမယ်အိမ်အကူကောင်မလေးတွေနဲ့ချက်ပြုတ်နေလေသည်။
လွန်း အိမ်အောက်ထက်ကိုရောက်ပြီးမကြာ ဟန်လင်းရောင်က လွန်းအနားရောက်လာသည်။
"စစ်သွေးရေ "
"ပြောလေ အကိုဟန်လင်း"
"မနက်ဖြန် အကိုနဲ့ စျေးဝယ်ထွက်ကြရအောင် အဝတ်စားလေးနည်း"ပါး"ဝယ်ရအောင်လို့ ပြီးတော့ သူငယ်ချင်းတစ်ယောက်နဲ့လဲ တွေ့စရာရှိသေးလို့"
"အဲ့တာဆို ကျွန်တော်လိုက်လို့ဖြစ်ပါ့မလားဗျာသူငယ်ချင်းရောဆိုတော့"
"ဖြစ်ပါတယ်ကွာ အကိုလဲပါတာပဲကို "
"အင်း ဟုတ်ပြီလေ မနက်ဖြန်သွားကြမယ်"
လွန်း ဆိုဖာကိုမှီပြီး ခြေပစ်လက်ပစ်ထိုင်နေလိုက်သည်။ထူထူထောင်ထောင်နေရအောင်လည်း စိတ်နဲ့လူနဲ့မကပ်ဖြစ်နေသည်။
တီ..တီ
အိမ်ရှေ့ကနေ ကားဟွန်းတီးသံကြားလိုက်တော့ လွန်းခေါင်းလေးထောင်ကြည့်လိုက်သည်။
တံခါးပေါက်ရှေ့မှာ ထိုးရပ်လိုက်တဲ့ကားလေးကခဲဖြူရောင်လေး။ ကားထဲက ဆင်းလာတဲ့သူကတော့ လွန်းရဲ့ချစ်ယောက်ျားမုန်းပင်။
လွန်း ကြောင်အစွာကြည့်နေစဥ် မုန်းကခပ်ပြုံးပြုံးစနောက်တော့သည်။
"အချစ် လာလေကွာ ဘာကြောင်ကြည့်နေတာလဲ ကိုယ့်ယောကျာ်းကို မမှတ်မိတော့ဘူးလား"
လွန်း အပြေးလေးသွားကာ ခဲဖြူရောင်ကားလေးအားကြည့်လိုက်မိသည်။
"လှလိုက်တာ ကိုကို ကားလဲလိုက်တာလား"
မုန်း လွန်းခါးလေးကိုဆွဲဖတ်လိုက်တာကြောင့်..လွန်းလန့်သွားရသည်။
ВЫ ЧИТАЕТЕ
သေလောက်အောင်မုန်းတယ်သေ သည်ထိချစ်မယ်...(Completed )
Мистикаသေလောက်အောင်မုန်းတယ်သေသည်ထိချစ်မယ် introလေးပါ Seme. မုန်းတံတိုင်း အရပ်. 6ပေ1လက်မ အသက်.29 "မင်က ကိုယ့်ရဲ့နယ်ရုပ်လေးပဲဟုတယ်ကိုယ်သိပ်ချစ်တဲ့ကိုယ့်ရဲ့သက်ရှိအရှပ်လေး" UKE. လွန်းစစ်သွေး အရပ်..5ပေ8 အသက်.25 "မုန်းလိုက်တာခများကိုသိပ်မုန်းတာပဲကျနော်ကိုချစ်တ...
