အပိုင်း ၁၃

8K 146 10
                                        

EP 13

"မရဘူးနော် ခများမညစ်ပတ်နဲ့ မရဘူးဝတ်ရမှာဘဲ"

"ကိုယ်နဲ့ အဆင်ပြေမှာ မဟုတ်​ဘူးလေကွာ လွန်းပဲဝတ်ပါနော် ကိုယ်မဝတ်ချင်လို့ပါ"

"မရပါဘူးနော် မဝတ်ရင်လည်းရတယ်လေ ဒီကသေချာဆင်တူဝတ်ရအောင် ဝယ်လာတာကို"

"ကိုယ် ...က"

"ရတယ် ရတယ် မဝတ်နဲ့ စစ်မှုးသွင် ကိုပဲဝတ်ခိုင်းလိုက်မယ် coupleဖြစ်သွားတာပေါ့"

"အ့!...အ့...ဘာလုပ်တာလဲ"

"မဝတ်ခိုင်းရပါဘူး ဘာလို့ သူနဲ့ အတူတူ ဝတ်ရမှာလဲ ပေး....အဲ့တာ ကိုယ်ပဲဝတ်မယ်"

တကယ်ပါ မုန်းတံတိုင်းဆိုတဲ့လူက လွန်းစစ်သွေးဆိုတဲ့ ချစ်မဝလေးနဲ့မှ မလုပ်ဖူးတာမရှိလောက်အောင်ဖြစ်နေသည်။

အခုလည်း သူဝယ်ထားတဲ့ ပုဂံဝမ်းဆက်ကိုဝတ်ခိုင်းနေတာမို့ သဘောတကျဖြစ်စေရန် ဝတ်ရတော့မည်သာ။

ဘယ်တက်နိုင်မလဲ ချစ်ရတော့လည်း ချစ်သူ့အလိုကျပေါ့!

"ဝတ်မယ်ဆိုလည်း ဖယ်ပေးတော့လေ"

"ပြွတ်...လွန်း...ချစ်တယ်...အရမ်းချစ်တယ်"

တဖြည်းဖြည်း ထပ်မံနီးကပ်လာတဲ့ မုန်းရဲ့မျက်နှာကြောင့် လွန်း လက်လေးနဲ့ မုန်းနှဖူးလေးကို တားလိုက်မိသည်။

"ဟို...နောက်ကျနေပြီ မြန်မြန် သွားရအောင်"

မုန်းကိုယ်ကြီးကို တွန်းဖယ်ကာ အဝတ်လဲခန်းထဲဝင်သွားတဲ့ကျောပြင်လေးကို မုန်းအကြောင်းမဲ့ ကြည့်နေမိသည်။

အဝတ်စားလဲပြီး ထွက်လာတဲ့လွန်းကို အကြည့်မလွှဲဖြစ်နေတာကတော့ လွန်းရဲ့အိမ်ဦးနတ်ကြီးမုန်းပင် ဖြစ်သည်။

အဖြူရောင်အင်္ကျီလေးက ဖြူဝင်းနေတဲ့အသားရေလေးနဲ့ရောနေသလိုထင်ရသည်။ လက်ရှည်ပေမဲ့ တံတောင်ဆစ်အောက်နားထိပဲမလို့ လက်ကောက်ဝတ် သေးသေးလေးတွေနဲ့ စိမ်းဖန့်ဖန့်သွေးကြောလေးတွေက ပေါ်လွင်နေသည်။

ရင်ဘတ်ပ ကျယ်သီးတစ်လုံးကို မတပ်ပဲထားထားတော့ပေါ်နေတဲ့ညှပ်ရိုးတစုံနဲ့အတူ နှဖူးပေါ်ဝဲကြနေတဲ့ဆံပင်ခပ်အုပ်အုပ်ကလေးကလည်း မြတ်နိုးဖွယ်ကောင်းနေပြန်သည်။

သေလောက်အောင်မုန်းတယ်​သေ သည်ထိချစ်မယ်...(Completed )Onde histórias criam vida. Descubra agora