အပိုင်း ၂၉

5.2K 95 4
                                        

ep 29

အရေးပေါ်ခွဲစိတ်ခန်းရှေ့မှာ မုန်းတစ်ယောက်ဆရာဝန်ကြီးနဲ့စကားပြောနေသည်။

ဟန်လင်းရောင်ကတော့ အသည်းအသန်ငိုနေလို့ လွန်းက ဖြေသိမ့်ပေးနေရသည်။

"အကိုဟန်လင်း စိတ်လျော့ပါ ကိုပြည့်စုံ ဒီအခြေအနေကို ကျော်ဖြတ်နိုင်မှာပါ".

"အကိုလေ အရမ်းစိတ်ပူနေတာဘဲသိတယ် သူ...သူ.ဟင့်.ဘာမှဖြစ်လို့မရဘူး အကိုသူ့ကို ဟင့် မခွဲနိုင်သေးဘူး သူသာ တခုခုဖြစ်ရင် အကိုအသက်ဆက်နိုင်မယ်မထင်ဘူး"

"အကိုဟန်လင်းရယ်"

သူက မသေနိုင်သေးဘဲ သောက်ဇယားရှုပ်နေတယ် ဒီလိုမှန်းသိရင် ဆေးအစား အဆိပ်တခါတည်းတိုက်လိုက်ရမှာ!

မျက်ရည်တွေနဲ့သူဟာ စိတ်ထဲမှာတော့ ယုတ်မာဖို့နည်းလမ်းများစွာကိုတွေးနေသည်။

မုန်းအနားပြန်ရောက်လာကာ..

"ဆရာဝန်ကပြောတယ် ပြည့်စုံက မူးယစ်ဆေးအလွန်အကျွန်သုံးလို့ ဖြစ်တာတဲ့"

"ကိုကို ဒါက ကားအက်စီးဒန့်လေ "

"ဟုတ်တယ် ဆေးအရှိန်နဲ့ကားမောင်းပြီး အလွန်အကျွန်သုံးတော့အန္တရာယ်ဖြစ်သွားတာ အဲ့တာကြောင့်ကားတိုက်မှုဖြစ်တာ"

ထိုအခါဟန်လင်းရောင်ကို ကြည့်ကာ မုန်းက ခပ်ပြတ်ပြတ်မေးလိုက်သည်။

"မင်းသိလား"

"ဗျာ...ဘာ..ဘာကိုလဲ"

"သူ ဆေးသုံးတဲ့ကိစ္စကိုလေ"

"ဟင့်အင်း ဟန်...ဟန်..မသိပါဘူး"

"ကိုကိုရယ် အကိုဟန်လင်းက ဘယ်လိုသိပါ့မလဲ"

မုန်း ဆက်ပြောမနေတော့ပဲ ပြည့်စုံအတွက်လိုအပ်တာများ လုပ်ပေးရန် ထွက်သွားလိုက်သည်။မုန်းဒီကောင်လေး မူးယစ်ဆေးသုံးတာကို မယုံပေ။ အရက်တောင် သိပ်မတောက်တာ သူအသိပေ။ ဆရာဝန်ပြောတာက ပထမဆုံး သုံးတာဖြစ်ပြီး အပြင်းစားကိုသုံးလိုက်တော့ ရှော့ဖြစ်သွားတာလို့ဆိုသည်။

ပြည့်စုံအောင် အခြေနေက အတော်ဆိုးရိမ်ရသည်။ခွဲခန်းဝင်နေတာ အတော်ကြာပေမယ့် အခုထိ သတင်းကောင်းမကြားရသေးပေ။

သေလောက်အောင်မုန်းတယ်​သေ သည်ထိချစ်မယ်...(Completed )Where stories live. Discover now