အပိုင်း ၃၈

5.8K 107 11
                                        

ep 38

လွန်းထိုင်နေရာကနေ အားနဲ့ဆောင့်ဆွဲကာ ဟန်လင်းရောင် လွန်းကို တွန်းလွှတ်လိုက်သည်။လွန်းလက်ကောက်ဝတ်နေရာလေးကလည်း ဟန်လင်းရောင်ရဲ့လက်ငါးချောင်ရာကြီးက ထင်းနေသည်။

"မလုပ်ပါနဲ့... အဟင့် လွန်းကို မစပါနဲ့"

ကိုယ်ဝန်နဲ့လွန်းဟာ အရင်ကထက် အားနည်းတာကို ဟန်လင်းရောင်သိသည်။ဒါကြောင့်မို့ သူအတွက်ပိုအဆင်ပြေ သွားသည်။

"အဟက်...စနေတာမဟုတ်ဘူး...နင်ကသိပ်တုံးအလွန်းတယ် နင့်လင်ကို လုချင်နေတဲ့သူကိုမှ နင်က အိမ်ပေါ်မှာနေခိုင်းထားတယ်...ဟားဟား..."

လွန်း ဟန်လင်းရောင်ကို ရမ်းရွံသွားသည်။ကိုယ်ကညစိတ်ရင်းအမှန်နဲ့ ပေါင်းသင်းခဲ့ပေမယ့် သူက ကောက်ကျစ်စဥ်းလဲနေသည်။

"ခများ...သိပ်ရွံဖို့ကောင်းတယ်...သိပ်အောက်တန်းကျတယ်"

"အေး...ငါကအဲ့လိုလူပဲ သိပ်အောက်တန်းကြသလို သိပ်ရုပ်မာတယ် "

"အုန်း!"

"အမေ့!"

ဟန်လင်းရောင်က လွန်းအား အားနဲ့တွန်းလိုက်တာကြောင့် ထမင်းစားပွဲနဲ့ကျောနဲ့ခိုင်းမိသွားသည်။

လွန်းအတော်နာကျင်သွားရပါသည်။

"ကဲဟာ အဲ့ဗိုက်ထဲမှာ ကလေးရှိတယ် ဟုတ်လား ကဲဟာ!...သေစမ်း"

"အား!....မလုပ်ပါနဲ့....အ့..."

လွန်းရဲ့ဗိုက်ပူပူနေရာကို ဟန်လင်းရောင် အားနဲ့ သုံးလေးချက် ဆင့်ကန်လိုက်သည်။

လက်နှစ်ဖက်နဲ့ ကာထားလိုက်ပေမယ့် အားနဲ့ကန်တာမို့ လွန်းကာ၍မရပေ။သာမာန်လူတောင် အထိုးခံရရင် အရမ်းနာတာမလို့ အခုလို ကိုယ်ဝန်နဲ့ လွန်းဟာ အသဲခိုက်အောင်နာသည်။

"လွန်း...တောင်းပန်ပါတယ် မလုပ်ပါနဲ့...ဘာလို့အခုလိုတွေလုပ်ရတာလဲ အဟင့် မလုပ်ပါနဲ့"

နာကျင်လွန်းတာကြောင့် လွန်းမျက်ရည်များကျလာရသည်။ ပြီးတော့ ဗိုက်ထဲက ကလေးလေး တစ်ခုခုဖြစ်မှာကိုလည်း လွန်းသိပ်ကြောက်ပါသည်။ဒါကြောင့် ဟန်လင်းရောင်ကို လွန်းတောင်းပန်နေရှာသည်။

သေလောက်အောင်မုန်းတယ်​သေ သည်ထိချစ်မယ်...(Completed )Donde viven las historias. Descúbrelo ahora