အပိုင်း ၉

6.7K 153 6
                                    

EP 9

"လွန်း....စားမကောင်းဘူးလား...ဒါမှမဟုတ်ဘာစားချင်လဲ...ပြောလေ"

"ကျွန်တော် စားလို့ဝပြီ... အပေါ်တက်တော့မယ်"

"လွန်း...နေမကောင်းဘူးလား..မှန်းစမ်း"

အပြောထက်လက်ကစောကာ လွန်းနှဖူးကိုလာစမ်းတဲ့လက်တစုံ သူလွန်းရဲ့အသားကိုထိတာလွန်းမလိုလားပါ။

အဲ့နေ့ည....အဲ့နေ့ညက အဖြစ်ပျက်ကလွန်းအတွက်တကယ် နာကျင်ရပါသည်။ တွေးမိတိုင်လည်းညသိမ်ငယ်စိတ်တို့များစွာဝင်ရောက်လာမိသည်။

လွန်းဟာ ယောက်ျားတန်မဲ့သူများတွေရဲ့ ပိုင်းလုံးလို့ပြောတဲ့အပြောတွေ။ ချူစီတယောက်ကို ကြည့်သလိုအကြည့်တွေက လွန်း အပြင်ထွက်ချင်စိတ်တို့ ကုန်ခမ်းစေပါသည်။

ပီးတော့သူပြောတဲ့စကားက "မင်းကငါ့ရဲ့သက်ရှိအရုပ်"တဲ့လေ တကယ်ပဲသူငွေနဲ့ဝယ်ထားတာပဲလေ လွန်းကိုသူပိုင်တာပေါ့!

"ကိုယ်ကလည်း မပူပါဘူး"

"ကျွန်တော် ဘာမှမဖြစ်ပါဘူး "

"အင်းပါ..ကိုယ်ကစိတ်ပူလို့...သွားနာတော့လေ"

ထွက်သွားတဲ့ ကျောပြင်လေးကိုကြည့်ကာ မုန်းမျက်ခုံးတို့ တွန့်ချိုးသွားခဲ့သည်။

ဟိုနေ့ညက အဖြစ်ပျက်တွေပြီးကတည်းက လွန်းအပြုအမူတွေက အရင်ကလိုမဟုတ်ပဲ အေးစက်နေသည်။

စကားလည်း  ကောင်းကောင်းမပြောတဲ့အပြင်အစားလည်းသိပ်မစားဘဲ ကိုယ့်ကိုတောင်သေချာမကြည့်ပဲ တခွန်းမေးမှတခွန်းဖြေတာမျိုး။

ခုတလောမုန်း လွန်းကို အလိုလိုက်နေရသည်။ အပြင်တွေလည်း လိုက်ပို့ပေးသည်။ စကားတွေလည်း အများ​ကြီးပြောပေးဖြစ်သည်။ အခုလည်း လွန်းရဲ့ကုတင်ခြေရင်းလေးထိုင်ပီးစကားတွေပြောနေပြန်သည်။

"ကျွန်တော် အိပ်ချင်နေပီ အိပ်တော့မယ်"

ဟောကြည့်...အခုလည်းဘာမှမပြောရသေးဘဲ စကားကိုအတင်း​​ဖြတ်ပြစ်ပြန်သည်။  မုန်း ဒီညတော့ သည်းမခံနိုင်တော့ဘူး  အကြောင်းရင်းကိုမေးမှဖြစ်မည်။

"ခနလေး လွန်း... ကိုယ်ပြောစရာရှိသေးတယ်"

"မနက်မှပြော...အ့!"

သေလောက်အောင်မုန်းတယ်​သေ သည်ထိချစ်မယ်...(Completed )Donde viven las historias. Descúbrelo ahora