အပိုင်း ၁၄

7.5K 126 10
                                        

EP 14

"အ့!...ကျွတ်...နာလိုက်တာ..."

ရင်ခွင်ထဲက လှုပ်စိလှုပ်စိဖြစ်လာတဲ့ ကိုယ်လေးကြောင့်မုန်းနိုးလာခဲ့ရသည်။

"အရမ်းနာနေသေးတာလား...ကိုယ် စိတ်မထိန်းနိုင်လို့ပါ"

"ဘယ်တုန်းက ထိန်းနိုင်လို့လဲ ခများက"

ဆူပုတ်ပုတ်လေးနဲ့ ပြောလာတဲ့ခလေးလေး။ မုန်း လွန်းကိုယ်လေးကို ပတ်လက်လှန်ပီး အပေါ်ကအုပ်မိုးတော့ မျက်လုံးဝိုင်းလေးတွေနဲ့ ကြည့်လာတဲ့ သူ။

"မထနိုင်ရင်လည်း ဒီနေ့နားလိုက်လေ မနက်ဖြန်မှလည်ကြမယ် မွ.."

နှဖူးလေးကို နမ်းကာပြောလိုက်တော့ မုန်းရဲ့လည်တိုင်လေးကို ဖက်တွယ်ရင်း လွန်းကပြောလာသည်။

"ဟင့်အင်း ရတယ် သွားကြမယ်နော် "

"လွန်းသဘောပါပဲဗျာ ထ..ရေချိုးရအောင်"

ဒီနေ့တော့ မုန်းရောလွန်းရော မြန်မာပုဆိုးလေးတွေနဲ့  shirtလက်ရှည်လေးတွေ ဆင်တူနဲ့ဖြစ်သည်။

မနက်စာကို အပြင်မှာပဲစားမှာမို့ စစ်မှုးသွင်နဲ့ သုံးယောက်သားကားနဲ့ထွက်လာခဲ့ကြသည်။

မုန်းတို့ အခုရောက်နေတာက မြစေတီကျောက်စာ ကိုဖြစ်သည်။

စပ်စုစိန်လေးကတော့ စစ်မှုးသွင်ပြောသမျှကိုသေချာနားထောင်နေလေသည်။

"မြစေတီကို ကျန်စစ်သားမင်းကြီးရဲ့သားတော် ရာဇကုမာရ်က ခမည်းတော်ကျေးဇူးကို အောက်မေ့ရည်မှန်းကာ ဘုရားတည်ရင်း မြစေတီကျောက်စာကို ရေးထိုးခဲ့တာလေ ​ကျောက်စာမှာဆိုရင် ပါဠိ၊မွန်၊မြန်မာ၊ ပျူဘာသာတို့နဲ့ရေးထိုးခဲ့ပြီးတော့  မြစေတီကျောက်စာတိုင်ရဲ့အမြင့်က ၅၅လက်မရှိပြီး လေးဖက်လုံးအကျယ်က ၁၄လက်မရှိတယ် အကိုလွန်းရဲ့"

"ရှေးရှေးတုန်းကလူကြီးတွေက တကယ်အမျှာ်အမြင်ကြီးတာပဲနော် ပီးတော့စွမ်းဆောင်ရေတွေလဲ မြင့်မားတယ် တကယ်လေးစားဖို့ကောင်းတယ်"

"ဟုတ်တယ်အကိုလွန်းရဲ့ မြန်မာမှန်ရင် ပုဂံရောက်ဖူးရမယ်တဲ့ မြန်မာ့ယာဥ်ကျေးမှုအစစ်အမှန်တွေက ပုဂံမှာမှရှိတာ ပုဂံကသမိုင်းင်  အထင်ကရနေရာတခုပဲလေ"

သေလောက်အောင်မုန်းတယ်​သေ သည်ထိချစ်မယ်...(Completed )Место, где живут истории. Откройте их для себя